မြန်မာဂျာနယ်လစ်နှစ်ဦးအား အစိုးရလျှို့ဝှက်ချက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းထား

မြန်မာဂျာနယ်လစ်နှစ်ဦးအား အစိုးရလျှို့ဝှက်ချက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းထား
by -
စိုးသူအောင်

မြန်မာဂျာနယ်လစ်များဖြစ်သည့် ရိုက်တာသတင်းဌာနမှ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့နှစ်ဦးကို ထောက်ကြန့်ရဲစခန်းမှ အစိုးရလျှို့ဝှက်ချက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

“ ကျွန်တော်သိတာတော့ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃နဲ့ ရဲမှူးတစ်ယောက်ကနေ တရားလိုလုပ်ပြီးတိုင်တယ်။ မနေ့ ညက ၁၁ ခွဲမှာ အဲ့လိုတော့သိထားတယ် “ ဟု မြန်မာဂျာနယ်လစ်ကွန်ယက်မှ ဦးဇေယျာလှိုင်က ဆိုသည်။

မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့တာကြောင့် ယခုလို အစိုးရလျှို့ဝှက်ချက် များ အက်ဥပဒေ ပုဒ်မ ၃ဖြင့် တရားဆိုရခြင်းဖြစ်သည်ဟု  ဘီဘီစီမြန်မာပိုင်းတွင်  ရေးသားထားသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ထောက်ကြန့်ရဲစခန်းနှင့် ရန်ကုန်တိုင်းရဲရုံး ပြောခွင့်ရပုဂ္ဂိုလ်တို့ထံ ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိပေ။

အစိုးရလျှို့ဝှက်ချက်ဥပဒေနှင့် ပတ်သက်၍ “ ဒီဥပဒေဟာ ၁၄ နှစ်လောက်အထိသွားနိုင်တယ်။ ဒါ သတင်းမီဒီယာ လွတ်လပ်ခွင့်ရော လူ့အခွင့်အရေး အပုဒ် ၁၉ နဲ့ပတ်သက်တာရော မကိုက်ညီတဲ့အတွက် ဒါဟာမဖြစ်သင့်ပါဘူး။  ပြန်ဖျက်သင့်ပါလို့ပြောချင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိတွင် မြန်မာဂျာနယ်လစ်ကွန်ယက်မှ ဖမ်းဆီးခံသတင်းသမားများ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိရန်ကြိုးပမ်းနေပြီး ထုတ်ပြန်စာတစ်စောင် ကိုလည်း ထုတ်ပြန်သွားမည်ဟုသိရသည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...