စစ်တွေတွင် တန်ဖိုးနည်းတိုက်ခန်း ရ၂ ခန်းကို အရစ်ကျစနစ်ဖြင့် စတင်ရောင်းချ

စစ်တွေတွင် တန်ဖိုးနည်းတိုက်ခန်း ရ၂ ခန်းကို အရစ်ကျစနစ်ဖြင့် စတင်ရောင်းချ
by -
မာန်ယုကျော်

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်တွင်တည်ဆောက်ထားသော တန်ဖိုးနည်းတိုက်ခန်း ၇၂ ခန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။

“အဓိကတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ၊ အိမ်ယာမဲ့နေတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစား ဝန်ထမ်းတွေ၊ ပြီးတဲ့အခါကျရင် ကုမ္ပဏီဝန်ထမ်းတွေ အပါအဝင် ပြည်သူလူထုတွေကိုရော ကျွန်တော်တို့ ရောင်းချသွားမှာဖြစ်ပါတယ်”ဟု ဦးရွှေဝင်းက ပြောသည်။

အဆိုပါတန်ဖိုးနည်းတိုက်ခန်းများကို စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး အမှန်တကယ် အိုးအိမ်မဲ့ပြည်သူများကိုသာ စိစစ်ရောင်းချသွားမည်ဟုလည်း ဦးရွှေဝင်းက ဆိုသည်။

ယင်းသို့ရောင်းချရာတွင် တစ်ခန်းလျှင် ကျပ်သိန်း ၂၂ဝ မှ ကျပ်သိန်း ၁၅ဝ အတွင်း ရောင်းချသွားမည်ဖြစ်ပြီး ဝယ်ယူသူအနေဖြင့် လက်ငင်း ကျသင့်ငွေ၏ ၃ ပုံတစ်ပုံကို ပေးသွင်းရမည် ဖြစ်သည်။

ယင်းနောက် ကျန်ရှိသည့်ငွေများကို (၁ဝ)နှစ်အတွင်း ဘဏ်မှတဆင့် ပေးသွင်းရမည်ဟုလည်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဝယ်ယူလိုသူများအနေဖြင့် လျှောက်လွှာ ၁ စောင်လျှင် ကျပ် ၁ဝဝ နှုန်းဖြင့် ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့ အထိ ဝယ်ယူလျှောက်ထားနိုင်ပြီဖြစ်ဟုလည်း သိရသည်။

“ဇန်နဝါရီလ ၁၂ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ ပွင့်လင်းမြင်သာစွာ မဲနှိုက်ရောင်းချ သွားမှာ ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။

အဆိုပါတန်ဖိုးနည်းတိုက်ခန်းများကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...