ရခိုင်ရှိ CSO များနှင့် တိုင်းရင်းမျိုးနွယ်စုတို့ တွေ့ဆုံ

ရခိုင်ရှိ CSO များနှင့် တိုင်းရင်းမျိုးနွယ်စုတို့ တွေ့ဆုံ

ရခိုင်ပြည်နယ်အတွင်း အခြေစိုက်သော အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုဝင်တို့ကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်တွေဟိုတယ်တွင် စတင်ကျင်းပခဲ့သည်။

CSO များနှင့် တိုင်းရင်းသားမျိုးနွယ်စုတို့ကြား စည်းလုံးညီညွတ်လာစေရေးနှင့် သဟဇာတကျစွာ နေထိုင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်လျက် ကျင်းပသည့် အဆိုပါ တွေ့ဆုံမှုကို နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ဖွံ့ဖြိုးမှုများ နောက်ကျလျက်ရှိသည့် ရခိုင်ပြည်နယ်အား ပြန်လည် ထူထောင်လာစေရန် ကြိုးပမ်းကြရာတွင် ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများကြား   နောက်ချန်ရစ်စေသည့် ကိစ္စရပ်များ မပေါ်ပေါက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်များကို ပြုလုပ်နိုင်ဖို့ လမ်းစဉ်များ အကောင်အထည် ပေါ်လာစေရန် ယခုလို တွေ့ဆုံမှုကို စီစဉ်ရခြင်း ဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။

“ ဒီဒေသမှာရှိတဲ့ ဒီရခိုင်တိုင်းရင်းသားမျိုးနွယ်စုနဲ့ အတူတကွ တခြားသော တိုင်းရင်းသားမျိုးနွယ်စုတွေဟာ အတူတကွ လုပ်ဆောင်နိုင်တယ်။ ငြိမ်းချမ်းရေးမှာလဲ ပါ၀င်နိုင်တယ်။   ဒေသဖွံ့ဖြိုးရေးတွေမှာလည်း အတူတကွ ပါ၀င်နိုင်တယ်။ လူမျိုး တစ်မျိုးနှင့် တစ်မျိုး မမေ့မလျှော့ဖို့နှင့် နောက်မှာ မချန်ခဲ့ဖိုအတွက် အတူတကွ ပူးပေါင်းပါ၀င် လက်တွဲပြီး လုပ်ဆောင်ကြဖို့ ဆိုတာတွေကို ရခိုင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။” ဟု တွေ့ဆုံပွဲဖြစ်မြောက်ရေးတွင် ပါဝင်သူလည်း ဖြစ်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတခြင်း အဖွဲ့၏ ဒါရိုက်တာ ဦးသောမားစ်က ပြောသည်။

နှစ်ရက်တာကြာမြင့်မည့် အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ အချက်အလက်များနှင့် တိုင်းရင်းသားမျိုးနွယ်စုဝင်အချင်းချင်း သဟဇာတဖြစ်စေမည့် အချက်အလက်များကို အဓိက ဦးစားပေးဆွေးနွေးသွားမည်ဟု တွေ့ဆုံပွဲ အစီစဉ်မှတ်တမ်းများအရ သိရသည်။

ယခု တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ် ဒေသအသီးသီးမှ အရပ်ဖက်လူမှုအဖွဲ့စည်း (၁၁) ဖွဲ့ တက်ရောက်ခဲ့ကြပြီး ရခိုင်တိုင်းရင်းသား အပါအဝင် မြို၊ ခမီ၊ ဒိုင်းနက် (သက္ကမ)၊ မာရမာကြီး၊ အရှိုချင်း တိုင်းရင်းသားများမှ ကိုယ်စားပြု တက်ရောက်လာသူ ၁၀၀ နီးပါးက တက်ရောက်ခဲ့ကြသည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...