ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းဖြတ်သန်းအပြီး ပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းဖြတ်သန်းအပြီး ပေါက်ကွဲမှုဖြစ်ပွား
by -
စိုးသူအောင်

အမ်းမှ စစ်တွေသို့ထွက်ခွာလာသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ယာဉ်တန်းဖြတ်သန်းအပြီး ရန်ကုန်- စစ်တွေ အဝေးပြေးလမ်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က မဇ္စျိမသို့ အတည်ပြုပြောသည်။

“ သူတို့ယာဉ်တန်းနဲ့တော့ ကွာပါတယ်တဲ့။ ထွက်သွားပြီး ၁ နာရီလောက်မှာမှ ပေါက်ကွဲမှု ဖြစ်တယ်လို့ သိရတာဆိုတော့ မိုင် ၃၀ လောက်ကွာမှာပေ့ါ။ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာက ကား နည်းနည်း မကောင်းတာနဲ့ နောက်မှာကျန်ခဲ့တယ် ။ သူလည်းအခု ပေါက်ကွဲမှုဖြစ်တယ်ဆိုတဲ့နေရာ ကျော်သွားပြီ” ဟု ၄င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်တိုးတက်ရေးကိစ္စများဆွေးနွေးရန်နှင့် ပညာရေးမြှင့်တင်နိုင်ရန်အတွက် သံတွဲခရိုင်အတွင်းရှိ ဂွ - သံတွဲ - တောင်ကုတ် မြို့နယ် သုံးမြို့နယ်သို့ သွားရောက်ဆွေးနွေးအပြီး အပြန် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက်အစောပိုင်းတွင် အဆိုပါပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ကို ရည်ရွယ်တာမဟုတ်တာတော့ သေချာပါတယ်ခင်ဗျာ။ ဒါတိုက်ဆိုင်တာ။ ကျွန်တော်တို့က ပုံမှန်သွားမြဲအတိုင်း ဒေသဖွံဖြိုးရေးလုပ်ငန်းအတွက် သွားနေတာပဲပေါ့။ ဒီလမ်းကမသွားရင်လည်း လမ်းကတစ်လမ်းပဲရှိတယ် “ ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးကျော်ခင်က ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) ည ၉နာရီခွဲ၊ ၁၀ နာရီခန့်တွင် ခရီးစဉ်ပြီးဆုံးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နံနက်တွင် အမ်းမှ စစ်တွေသို့ ထွက်ခွာလာစဉ် ရန်ကုန် - စစ်တွေ အပြေးလမ်း ရိုးချောင်းနားတွင်ဖြစ်ပွားခဲ့ခြင်းဟု စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်ကပြောသည်။

မိုင်းအား အဝေးပြေးလမ်းမ မိုင်တိုင် အမှတ် ၁၁၃ နှင့် ၁၁၃/၁ အကြားရှိ သံတံတားအမှတ် ၇/၁၁၂၏ သံဘောင် အောက်တွင် ဒီဇင်ဘာ ၇ ရက်နေ့ကလက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ပြီး နိုဝင်ဘာ ၁၅၊ ၁၆ နှင့် စက်တင်ဘာ ၁၉ ရက် နေ့တွင်လည်း အဆိုပါလမ်းတွင်မိုင်းတွေ့မှုများရှိခဲ့ကြောင်း သိရသည်။ 

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...