တရားစွဲအဖွဲ့အစည်းများ၏ အရှိန်အဝါကို တရားရုံးများမှ ကြောက်ရွံ့နေရသည်ဟုဆို

တရားစွဲအဖွဲ့အစည်းများ၏ အရှိန်အဝါကို တရားရုံးများမှ ကြောက်ရွံ့နေရသည်ဟုဆို
by -
မျိုးပြည့်သင်း

လူ့အခွင့်အရေးဆိုင်ရာအမှုများကို ကိုင်တွယ်ရာတွင် တရားစွဲသော အဖွဲ့အစည်းများ၏ အရှိန်အဝါကိုတရားရုံးမှ ကြောက်ရွံ့နေသည်များကို ကြုံတွေခဲ့ရသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အမှုများကို ကိုင်တွယ်ဖြေရှင်းပေးနေသည့် မြန်မာနိုင်ငံလွှတ်လပ်သောရှေ့နေများအသင်းမှ အထွေထွေအတွင်းရေးမှူးက  ပြောသည်။

မြန်မာနိုင်ငံလွှတ်လပ်သောရှေ့နေများအသင်းနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့ ယနေ့ဒီဇင်ဘာ(၄)ရက်နေ့တွင် ရန်ကုန်မြို့့ဒိန်းမတ်သံရုံး၌ အကူအညီပေးရေးနားလည်မှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

၄င်းနားလည်မှုစာချုပ်တွင် ရှေ့နေများကို လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့်ပတ်သတ်၍ သင်တန်းပေးခြင်းများ၊ ငွေကြေးအထောက်အပံ့ပေးခြင်းများ ပါဝင်သည်။

"ဒါက(အစိုးရအဖွဲ့အစည်းနှင့်ရင်ဆိုင်ရသည့်အမှု)ကျွန်တေ်ာတို့ဘက်ကနိုင်တာထုံးစံမရှိဘူး၊ တရားခံဘက်ကလုံးဝမနိုင်ဘူး၊ ထူးခြားတဲ့အမှုတွေရှိတယ်။ မတရား လယ်သမားတွေအမှုမှာ ဒဏ်ငွေငါးရာမဖြစ်စလောက်ရိုက်ပြီးတော့ တရားရုံးကလွှတ်ခဲ့တာတွေရှိတယ်”ဟု မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောသည်။

လွတ်လပ်သောရှေ့နေများအသင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌လယ်သမား(၁၀၈)ယောက်၏အမှု၊ ကန့်ဘလူမြို့နယ်တွင်လယ်သမား(၅၀၀)ကျော်၏အမှု၊ သက်ငယ်မုဒိန်းမှုများ၊   နိုင်ငံတော်ပုန်ကန်မှုနှင့်စွပ်စွဲခံရမှုများကို လိုက်ပါဆောင်ရွက်ပေးဖူးကြောင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးမှ ပြောပြသည်။

အားကောင်းတဲ့အဖွဲ့အစည်း၊ လေ့ကျင့်ပေးထားတဲ့ ရှေ့နေတွေမရှိခဲ့ရင် တရားဥပဒေစိုးမိုးရေးကိုရရှိဖို့ ခက်ခဲမည်ဖြစ်ကြောင်း ပီတာဟန်ဆန်က ပြောသည်။

"ခင်ဗျားတို့မှာ မဏ္ဍိုင်သုံးရပ်ရှိပါတယ် အုပ်ခှုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးတို့ပါ၊ အဲဒီသုံးခုလုံးဟာတစ်ခုခြင်းစီလွှတ်လပ်နေရပါမယ်၊ ဒါကြောင့်မို့လည်းတရားရေးကဏ္ဍကိုကျွန်တော်တို့က လွတ်လပ်အောင်ဆောင်ရွက်ဖို့လိုပါတယ်"ဟု ဒိန်းမတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ပီတာဟန်ဆန် ကဆိုသည်။

မြန်မာနိုင်ငံလွှတ်လပ်သောရှေ့နေများအဖွဲ့ကို ၂၀၁၆ခုနှစ် ဇန်နဝါရီ(၁၉)ရက်နေ့၌ စတင်တည်ထောင်ခဲ့သည်။

နိုင်ငံတော်အဆင့်အသိမှတ်ပြုခြင်း ခံထားရသည့်အသင်းအဖွဲ့တစ်ခုဖြစ်ပြီး အသင်းဝင်(၄၀၀၀)ဖြင့် ဖွဲ့စည်းထားသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...