ပလက်ဝမြို့နယ် မြိတ်ဝရွာအနီး တိုက်ပွဲပြင်းထန်

ပလက်ဝမြို့နယ် မြိတ်ဝရွာအနီး တိုက်ပွဲပြင်းထန်

အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် ပလက်ဝမြို့နယ် မြိတ်ဝရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အိန္ဒိယနှင့် ကပ်ရပ်တည်ရှိသည့် မြန်မာဘက် မြိတ်ဝရွာမှ ၄၅ မိနစ်ခန့်ခြေဖြင့် သွားလျင်ရောက်ရှိသော အိန္ဒိယနိုင်ငံ မောင်ဘုဆွာရွာသို့ ရောက်ရှိနေသည့် ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်နေသူ ခိုင်မင်းသိန်းက တိုက်ပွဲများမှာ နို၀င်ဘာလ ၂၇ ရက်နေ့တွင်လည်း မြိတ်ဝကျေးရွာ အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေကြောင်း ပြောကြားသည်။

“ ဒီကနေ့(နိုဝင်ဘာ ၂၇)သတင်းရတာက ဒီနေ့မနက်မှာလည်း တိုက်ပွဲ ဖြစ်ပွားတယ်လို့ ကြားရပါတယ်။ ထိခိုက် ဒဏ်ရာရကြတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ကျွန်တော်တို့က အိန္ဒိယနိုင်ငံထဲကို ရောက်နေတဲ့အတွက် အသေးစိတ်ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိရပါ” ဟု ခိုင်မင်းသိန်းက ပြောကြားသည်။

တိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်မှ ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်မှုများ ရှိနေသည်ဟုလည်း သိရသည်။

“ ဟိုတစ်နေ့ကတော့ နေ့လယ် ၁၂ နာရီကျော် ၁ နာရီခန့်မှာ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပါတယ်။ မနေ့ကလည်း အိန္ဒိယက အချိန်ဆိုရင် မွန်းလွဲ ၂ နာရီကျော်၊ မြန်မာအချိန်ဆိုရင် မွန်းလွဲ တစ်နာရီလောက်မှာ တိုက်ခိုက်ပါတယ်။ ၁၀ မိနစ်လောက် အေအေစခန်းတွေရှိတယ်လို့ထင်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာ ဖြစ်ပါတယ်” ဟု ခိုင်မင်းသိန်းက ပြောကြားသည်။

ကြဲချသော ဗုံးများမှာ ပြင်းထန်ပြီး မြိတ်ဝရွာ ဘုန်ကြီးကျောင်းပင် တုန်ခါသွားသည်ဟု ဆရာတော်က ဖုန်းဆက်ပြောကြားသည်ဟု လည်း ခိုင်မင်းသိန်းက ပြောကြားသည်။

“ မြိတ်ဝရွာမှာ ကျန်နေသေးတဲ့လူတွေလည်း ရှိပါသေးတယ်။ အများစုကတော့ ဒီဘက်ကို ထွက်ပြေးလာကြပါတယ်။ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတဲ့ အတွက် လူတွေကတော့ အထူးစိုးရိမ်နေကြပါတယ်။ အခုအချိန်က တောင်ယာမှာ စပါးရိတ်ချိန်ဖြစ်ပေမယ့် လူတွေက တောင်ယာကို မသွားနိုင်ဘဲ အားလုံးထွက်ပြေးကုန်ကြပါပြီ”ဟု သူက ဆိုသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...
June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...
June 1, 2026
(အခုလို အောင်မြင်မှုတွေရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်...
May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...