စစ်တွေဆတ်ရိုးကျတံတား ၅၂ရာခိုင်နှုန်း ပြီးစီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်မည်

စစ်တွေဆတ်ရိုးကျတံတား ၅၂ရာခိုင်နှုန်း ပြီးစီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်မည်
by -
မဘုကေ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တည်ဆောက်နေသည့် ဆတ်ရိုးကျချောင်းကူးတံတားမှာ ၅၂ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်ဟု ဆတ်ရိုးကျတံတားတည်ဆောက်ရေး ဦးစီးအရာရှိ ဦးအုန်းမောင် ကပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့သည် ဆတ်ရိုးကျတံတားသည် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

အခုအချိန်တွင် တံတားဆောက်လုပ်နေသည်မှာ တံတားတိုင်များအား တည်ဆောက်မှု ပြီးစီးနေပြီ ဖြစ်ပြီး ယခုနှစ်အကုန် တံတားပေါ်တွင် သံဘောင်များ အားလုံးတပ်ဆင် သွားမည်ဖြစ်ကြောင်း ဦးအုန်းမောင်ကပြောသည်။

“ ယခုနှစ်မှာ တံတားအပေါ်ထပ်မှာ သံဘောင်များ အားလုံးတပ်ဆင်ပြီးစီးမယ်၊ လာမယ့်နှစ်မှာ ကားလမ်းနဲ့ လက်ရမ်းတွေ၊ ချဉ်းကပ်လမ်းတွေ ဆောက်လုပ်ပြီးစီးပါမယ်” ဟု ဦအုန်းမောင် ကပြောသည်။

အဆိုပါ ဆတ်ရိုးကျတံတားကို ခန့်မှန်းစီမံကိန်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၈၈၂၃ သန်းဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။

ယခုလက်ရှိ တည်ဆောက်နေဆဲ ဖြစ်သည့်ဆတ်ရိုးကျတံတားသည် အလျားပေ ၁၆၄၂ ခန့်ဖြစ်ပြီး တံတားအကျယ်မှာ ၃၁ ပေခန့် ၊ ယာဉ်သွားလမ်းအကျယ်မှာ ၂၄ပေ၊ လူသွားလမ်းအကျယ်မှာ တစ်ဖက်လျှင် ၃ပေခွဲခန့် ရှိမည် ဖြစ်ကြောင်း သိရသည်။

တည်ဆောက်နေဆဲဖြစ်သည့် တံတားမှာ အပေါ်ထည်တွင် သံမဏိသံပေါင်၊ အောက်ထည်တွင် သံကူကွန်ကရစ် နှင့် အုတ်မြစ် သံကူကွန်ကရစ် ဘိုးပိုင် တံတားအမျိုးအစား ဖြစ်သည်။

ယခု ဆတ်ရိုးကျတံတားသည် ဒုတိယ မြောက်တံတား ဖြစ်ပြီး တည်ဆောက်မှု ပြီးစီးလျှင် ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းတွင် လူနေကွက်သစ်များ၊ ကားဂိတ်များ ပေါ်ထွန်းလာမည် ဖြစ်သည့်အပြင် ချောင်းတစ်ဘက်ကမ်းရှိ ကျောင်းသူ၊ကျောင်းသား များ၏ သွားလာရေး အဆင်ပြေမှုနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...