ခမီတိုင်းရင်းသား နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင်ကျင်းပ

ခမီတိုင်းရင်းသား နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင်ကျင်းပ
by -
စံမောင်သန်း

နတ်တော်လဆန်းတစ်ရက်နေ့တွင် ကျရောက်သော ခမီတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အေးသာယာရပ်ကွက်ရှိ ခမီဘုန်းတော်ကြီးကျောင်း၌ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည်ဟု သိရသည်။

“ကျနော်တို့ ခမီလူမျိုးတွေမှာလည်း အခြားတိုင်းရင်းသာနည်းတူ ပြက္ခဒိန်ရှိတာပေါ့လေ။ နတ်တော်လဆန်းတစ်ရက်နေ့ဟာ ခမီလူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ဖြစ်တယ်လို့ လူကြီးတွေက ပါးစပ်နဲ့ပဲ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီနှစ်သစ်ကူးနေ့ကို အနာဂတ်မျိုးဆက်သစ်တွေ သိရှိစေဖို့အတွက် ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ကိုသန်းဌေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါနှစ်သစ်ကူးပွဲကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ကျင်းပခဲ့ပြီး နံနက်ပိုင်းတွင် ဆရာတော်များအား ဆွမ်းကပ်လှူဒါန်းပြီး နှစ်သစ်တွင် ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

နေ့လယ်ပိုင်း အစီအစဉ်ကို ခမီတိုင်းရင်းသား ရိုးရာအကဖြင့် ဖွင့်လှစ်ခဲ့ပြီး ခမီလူမျိုးတို့၏ ရိုးရာ ဘာသာစကားများကို လေးစားတန်ဖိုးထားကြရန် ဆွေးနွေးဟောပြောခဲ့ကြသည်ဟု သိရှိရသည်။

“ကိုယ့်ရဲ့ ရိုးရာနဲ့ ဘာသာစကားကို တန်ဖိုးမထားကြဘူးဆိုရင် တန်ဖိုးလျော့ကျပြီး ကြာလာရင် ပျောက်ကွယ်သွားမယ်ဆိုတဲ့ အကြောင်းအရာတွေရယ်၊ အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းရေးစတဲ့ အမျိုးသားရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်”ဟု ဦးသန်းဌေးက ပြောသည်။

အခမ်းအနားတွင် ခမီတိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး တက်ရောက် လာသူများက ကိုယ်ပိုင်နှစ်သစ်ကူးနေ့ရှိကြောင်းသိရ၍ အားရကျေနပ်မှုရှိကြသည်ဟုဆိုသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတွင် သီတင်းသုံးနေသော ခမီတိုင်းရင်းသား ဆရာတော်ကြီးများ၊ ရန်ကုန်တွင် နှစ်ပေါင်းများစွာ နေထိုင်လာကြသည့် ခမီလူမျိုးများ၊ မျိုးဆက်သစ်လူငယ်များနှင့် မြိုတိုင်းရင်းသားအပါအဝင် စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

 

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...