သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲ နိုဝင်ဘာ ၂၇ ရက်နေ့မှ စတင်ပြီး ရှစ်ရက်တိုင်တိုင်ကျင်းပမည်

သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲ နိုဝင်ဘာ ၂၇ ရက်နေ့မှ စတင်ပြီး ရှစ်ရက်တိုင်တိုင်ကျင်းပမည်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့မှ စတင်ပြီး ဒီဇင်ဘာ ၄ ရက်နေ့ထိ (၈) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဘုရားပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့(နတ်တော်လဆန်း ၉ ရက်)မှ ဒီဇင်ဘာ ၄ ရက်နေ့(နတ်တော်လပြည့်ကျော် ၁ ရက်)အထိ (၈)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

“ဘိုးစဉ်ဘောင်ဆက်ကနေ စဉ်ဆက်မပြတ်ကျင်းပလာခဲ့တာ ကျွန်တော်တို့ လက်ထဲကိုရောက်တဲ့ အခါမှာလည်း ဘာသာရေးအနေနဲ့ ထိန်းသိမ်းတယ်။ ရိုးရာအစဉ်အလာလည်း မပျက်အောင်အတွက် ဒီပွဲကို ကျင်းပရတာဖြစ်ပါတယ် “ဟု ဆံတော်ရှင်ဘုရားပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးရွှေဖော်သူက နိရဥ္စရာသို့ပြောသည်။

အဆိုပါဘုရားပွဲတွင် ညပွဲအဖြစ် ရတနာရွှေနန်းထိုက် အဆင့်မြင့်ဇာတ်သဘင်ဖြင့် ဖြေဖျော်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆံတော်ရှင်ဘုရားသည် ပေါက်တောမြို့နယ် မြေငူကျွန်းရှိ နိလာပဗ္ဗတတောင်တော်ပေါ်တွင် ကိန်းဝပ်နေသည့် သမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ပြီး ဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာ ထည့်သွင်းတည်ထားတော်မူသည့် စေတီတစ်ဆူဖြစ်ကြောင်းလည်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။

ဆံတော်ရှင်ဘုရားပွဲသည် ရခိုင်ပြည်နယ်မှ အစည်ကားဆုံး ဘုရားပွဲတော်ဖြစ်ပြီး ဆောင်းတွင်း ကာလပင်လယ်ပြင်ကို ဖြတ်ပြီး သင်္ဘောများ၊ အမြန်ယာဉ်များ၊ မော်တော်စက်လှေများဖြင့် သွားရသဖြင့် ဘုရားဖူးသူများအား အထူးစိတ်ကြည်နူးပျော်ရွှင်မှုများကို ဖြစ်စေသည်ဟု သိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...