ကျောက်တော်မြို့နယ်တွင် မိုင်းရှင်းလင်းစဉ် လက်လုပ်မိုင်း ၄လုံးတွေ့ရှိ

ကျောက်တော်မြို့နယ်တွင် မိုင်းရှင်းလင်းစဉ် လက်လုပ်မိုင်း ၄လုံးတွေ့ရှိ
by -
မဘုကေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မိုင်းရှင်းလင်းရေးပြုလုပ်စဉ် မပေါက်ကွဲသည့် လက်လုပ်မိုင်း ၄ လုံးကို နို၀င်ဘာ ၁၆ ရက်နေ့ နံနက်က ရှာဖွေတွေ့ရှိခဲ့သည်ဟု သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ယမန်နေ့က မင်းပြားနှင့် မြောက်ဦးမြို့နယ်များရှိ ရန်ကုန်- စစ်တွေကားလမ်းတွင် မိုင်းပေါက်ကွဲမှု များ ဖြစ်ပွားခဲ့ပြီးနောက် ကျောက်တော်မြို့နယ်တွင် မသင်္ကာ၍ မိုင်းရှင်းလင်းစဉ် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၄ လုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ကျောက်တော်မြို့နယ် အပေါက်ဝ ရဲဲစခန်းမှူး ဌေးဇော်က ပြောသည်။

“ မိုင်း ၄ လုံးတွေ့တယ်ဆိုတာ ဟုတ်ပါတယ်။ လက်လုပ်မိုင်းတွေ ဖြစ်ပါတယ်။ ကျောက်တော်အခြေစိုက် BE တပ်ကနေ မိုင်းတွေကို ရှင်းလင်းပေးခဲ့ပါ တယ်” ဟု စခန်းမှူး ဌေးဇော်က ပြောသည်။

၎င်းလက်လုပ်မိုင်းများကို ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြား ကျောက်တော် မြို့နယ်အပိုင် ဒွေးဝန်းတံတားအနီးတွင် ယမန်နေ့နံနက် ၈နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည် ဟု သူက ပြောကြားသည်။

လက်လုပ်မိုင်း ၄ လုံးအား ကားလမ်းမနှင့် ၄ ပေခန့်အကွာတွင် တွေ့ရှိခြင်းဖြစ်ပြီး မိုင်းတစ်လုံးနှင့် တစ်လုံး ရ ပေခန့် ကွာခြားသည်ဟု သူကဆက်ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် မိုင်းပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး မြောက်ဦးမြို့နယ် ပေါက်ကွဲမှုတွင် လူတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...