ပေါက်တောမြို့တွင် ကိုယ်ထူကိုယ်ထ မီးသင်္ဂြိုဟ်စက်တည်ဆောက်

ပေါက်တောမြို့တွင် ကိုယ်ထူကိုယ်ထ မီးသင်္ဂြိုဟ်စက်တည်ဆောက်
by -
စံမောင်သန်း

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် မြို့သူမြို့သားများထံမှ ငွေကြေးများထည့်ဝင်လျက် ကိုယ်ထူကိုယ်ထ မီးသင်္ဂြိုဟ်စက်တစ်လုံးကို ပေါက်တောမြို့သချႋုင်းမြေနေရာတွင် တည်ဆောက်နေကြောင်း သတင်းရရှိသည်။

အဆိုပါ မီးသင်္ဂြိုဟ်စက် ဆောက်လုပ်ရန် ခန့်မှန်း ကျပ်သိန်း ၃၀၀ ကုန်ကျမည်ဖြစ်ပြီး ယခုအခါ မြို့သူမြို့သားများထံမှ ထည့်ဝင်ငွေ ကျပ်သိန်း ၂၀၀ ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

“ဆောက်လုပ်နေတာ တစ်ပတ်ရှိပါပြီ၊ အလှူငွေ ကောက်ခံခဲ့တာတော့ ၁ လလောက်ရှိပါပြီ။ အခုလောလောဆယ်မှာ အလှူငွေကောက်ခံတာ ကျပ်သိန်း ၂၂၀ လောက် ရရှိထားပါပြီ။ အဝေးရောက် ပေါက်တောမြို့သူ မြို့သားတွေကလည်း အလှူငွေထည့်ဝင်ကြပါတယ်”ဟု မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးချမ်းစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရန်ကုန်မှ ပေါက်တောမြို့နယ်အသင်းနှင့် စစ်တွေမြို့မှ ပေါက်တောမြို့နယ်အသင်းတို့တွင်လည်း မီးသင်္ဂြိုဟ်စက် ဆောက်လုပ်ရေးအတွက် အလှူငွေများ ကောက်ခံလျက်ရှိပြီး တစ်စုတစ်ခဲတည်း ထည့်ဝင်နိုင်ရန် ဆောင်ရွက်နေကြသည်ဟု ဆိုသည်။

မီးသင်္ဂြိုစက်ဆောက်လုပ်မှု ၂၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး အားလုံးပြီးစီးရန် ၁ လခန့်ကြာမြင့်မည်ဟု သိရသည်။

“မီးသင်္ဂြိုဟ်စက် ဆောက်လုပ်နိုင်ရေးအတွက် ကိုကျော်သူ နာရေးကူညီမှုအသင်းကို အကူအညီ တောင်းခံခဲ့တော့ သူတို့ဆီက လူ ၉ ယောက် စေလွတ်ပြီး ဆောက်လုပ် ပေးနေတာဖြစ်ပါတယ်။ နောက်တစ်ဖွဲ့က စက်အတွက် လိုအပ်မယ့် ပစ္စည်းတွေကို ယူဆောင်ပြီး လာနေပါပြီ”ဟု ဦးချမ်းစိန်က ပြောသည်။

ယခင်က မီးသင်္ဂြိုဟ်သူများအနေဖြင့် တစ်ကြိမ်မီးသင်္ဂြိုဟ်ရန် ၆ သောင်းကျပ်မှ ၈ သောင်းကျပ်ထိ ကုန်ကျခဲ့သော်လည်း မီးသင်္ဂြိုဟ်စက် ဆောက်လုပ်ပြီးစီးပါက ငွေ ၂ သောင်းကျပ်သာ ကုန်ကျတော့မည်ဟု သိရသည်။

ပေါက်တောမြို့တွင် သင်္ဂြိုဟ်မှု အဆင်ပြေ ချောမွေ့စေရန်အတွက် ရတနာ့မာန်အောင် ဆရာတော် အရှင်ဝါယာမိန္ဒမှ အလောင်းတင်ယာဉ်တစ်စီး လှူဒါန်းထားပြီး၊ ဦးမောင်ထွန်းမြထံမှလည်း ကျပ်သိန်း ၁၅၀ တန် ဇရပ်တစ်ဆောင် လှူဒါန်းထားကြောင်း သိရသည်။

ယင်းအပြင် ဒါနချစ်သူအသင်းနှင့် ရက္ခိဖောင်ဒေးရှင်း လူငယ်အသင်းများသည် ရန်ပုံငွေ ရှာဖွေရေးအတွက် ရန်ကုန်ရောက် ရခိုင်အဆိုတော်များဖြစ်ကြသည့် ဝင်းကိုခိုင်၊ ဖော်ကာ၊ စုမြတ်ထက်၊ မင်းမင်းချေတို့ကို ဖိတ်ခေါ်ပြီး စင်တင်ဂီတဖျော်ဖြေပွဲတစ်ခုကို ဒီဇင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ရရှိငွေများကို မီးသင်္ဂြိုဟ်စက်နှင့် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုသွားမည်ဟု သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...