AA စစ်ဦးစီးချုပ် မွေးနေ့ အမှတ်တရ မီးပုံးပျံလွတ်တင်သူ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရ

AA စစ်ဦးစီးချုပ် မွေးနေ့ အမှတ်တရ မီးပုံးပျံလွတ်တင်သူ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရ
by -
ကျော်ဝင်း

ULA/ AA စစ်ဦးစီးချုပ်၏ (၃၉) နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် မီးပုံးပျံလွတ်တင်သူတစ်ဦးကို ကျောက်ဖြူရဲစခန်းမှ ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်တရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးတရားစွဲခံရသူမှာ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးလှထွန်းကျော် ဖြစ်ကြောင်း သိရသည်။

‘‘ အေအေ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် အသက် (၃၉)နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုအမှတ်တရ မီးပုံးပျံ လွတ်တင်တဲ့ အတွက် အမှုဖွင့်လိုက်တာပါ။ ၁၇(၁)နဲ့ ဖွင့်လိုက်တာပါ ’’ ဟု ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

အဆိုပါ မီးပုံပျံ လွတ်တင်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက ကျောက်ဖြူ မြို့နယ် လိပ်ခမော်ကျေးရွာနေ ဦးစန်းမောင်ကို ပထမဦးစွာ ကျောက်ဖြူ ရဲစခန်းမှ ခေါ်ယူ စစ်ဆေးခဲ့သည်။

ဦးစန်းမောင်ကို ခေါ်ယူစစ်ဆေးပြီးနောက် ၎င်းနေ့ နေ့လယ်ပိုင်းတွင်ပင် လိပ်ခမော်ကျေးရွာနေ ဦးလှထွန်းကျော်ကို ၎င်းနေထိုင်ရာကျေးရွာသို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့သည်ဟု ကျေးရွာသားများက ပြောကြားသည်။

ဦးစန်းမောင်ကို ဖမ်းဆီးသည့် နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့သော်လည်း ဦးလှထွန်းကျော်ကိုမူ ဆက်လက် ဖမ်းဆီးထားကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်လိုက်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှူးက ပြောကြားသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...
June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...
June 1, 2026
(အခုလို အောင်မြင်မှုတွေရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်...
May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...