ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများအားရှင်းလင်းပွဲ စစ်တွေတွင်ပြုလုပ်

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများအားရှင်းလင်းပွဲ စစ်တွေတွင်ပြုလုပ်

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်ပြီး အစိုးရက စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူရှင်းလင်းခဲ့သည်။

အောက်တိုဘာလ ၂၉ ရက်နေ့၊ ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ခေါ်ယူရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ဒီအခမ်းအနားဟာ တိုင်းနဲ့ပြည်နယ်ဒေသအသီးသီးမှာ ဖွဲ့စည်းပြီးဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်တွေ၊ ဒီကော်မရှင်ကို ကျွန်တော်တို့ ပိုမိုပြီးတော့ ဦးဆောင်မှုအရည်အသွေးပြည့်ဝပြီးတော့ လိုအပ်တဲ့ ပံ့ပိုးမှုတွေဆောင်ရွက်နိုင်ရန်အလို့ငှာ ကျွန်တော်တို့ ဗဟိုက ကော်မရှင်အဖွဲ့ဝင်တွေ အပါအဝင် ကျွန်တော်တို့ မြန်မာနိုင်ငံစက်မှုနဲ့လုပ်ငန်းရှင်များအဖွဲ့ချုပ်ကြီးက ပုဂ္ဂိုလ်တွေအားလုံးကို ဖိတ်ခေါ်ပြီးတော့ ဒီဒေသမှာရှိနေတဲ့ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးစွာ၊ နွေးထွေးစွာနဲ့ ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် ကျွန်တော်တို့ပြည်နယ်အတွက် ဘယ်လောက်အထိ အားနဲ့အင်နဲ့ ထူထောင်နိုင်မယ်၊ တည်ဆောက်နိုင်မယ်၊ လုပ်ကိုင်နိုင်မယ်ဆိုတာ ဒီလို ဆွေးနွေးပွဲက နေပြီးတော့ ကောင်းမြတ်တဲ့ရလဒ်တွေ ရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြန်မာနို်င်ငံကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ သစ်သီးဝလံ၊ ပန်းပင်၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မွေးမြူရေးအဖွဲ့ချုပ်နှင့် အခြား ပြည်တွင်းစီးပွားရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်တွင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလန်းများကို အစိုးရ တာဝန်ရှိ သူများနှင့် တက်ရောက်လာသည့်စီးပွားရေးလုပ်ငန်းရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...