ကျနော်တိုု့ DPN ကိုုတော့ အဖွဲ့ဝင် ၉ ဦးနဲ့ ကျနော်တိုု့ ပြန်လည်ဖွဲ့စည်းတာပေါ့နော်၊ ကျနော်တိုု့ အဖွဲ့ဝင် ၅ ဖွဲ့ထဲက လိုုအပ်သလိုု အချိုးတူ ပြန်လည်ဖွဲ့စည်းတာပေါ့၊ စုုဖွဲ့မှု မှာကတော့ အဖွဲ့ခေါင်းဆောင် နှစ်ဦး ပဲ ကျနော်တိုု့ ထားပါတယ်။ ကျနော့်ကိုုပဲ အဖွဲ့ခေါင်း ဆောင်အဖြစ် ပြန်ပြီးတော့ ထားပြီးတော့ ဒုုအဖွဲ့ခေါင်းဆောင်ကိုုတော့ ဆရာ နိုုင်အောင်မငေး ကိုု ထားပါတယ်။
အသစ်ပြန်လည်ဖွဲ့စည်းလိုုက်တဲ့ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် အဖွဲ့ DPN အဖွဲ့ကိုု အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ဒုုဥက္ကဌ ခူးဦးရယ် က ဦးဆောင်ပြီး ဒုု အဖွဲ့ခေါင်းဆောင် အဖြစ် မွန်ပြည်သစ် ပါတီ NMSP အဖွဲ့က နိုုင်အောင်မငေး၊ အဖွဲ့ဝင်တွေအဖြစ် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP အဖွဲ့က ဗုုိလ်မှူးကြီး စေအွန်၊ NMSP အဖွဲ့က ဒေါက်တာ နိုုင်ရွှေသိန်း၊ ရခိုင် အမျိုးသား ကောင်စီ ANC အဖွဲ့က ဗိုုလ်မှူးကြီး မင်းထွန်း နဲ့ ဦးထွန်းဇော်၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ LDU အဖွဲ့က နာဗစ်ဘိုု၊ KNPP အဖွဲ့က ဗိုုလ်မှူးကြီး ဘုုန်းနိုုင် နဲ့ အမည်စာရင်း မတင်သွင်းသေးတဲ့ SSPP အဖွဲ့က တစ်ယောက် ပါ၀င်တဲ့ အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
UNFC အဖွဲ့မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် အဖွဲ့ဝင် သုံုးဖွဲ့နှုတ်ထွက်သွားပြီးနောက်မှာ ဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ကို ပြန်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း မပြေလည်သေးတဲ့ မူလ ဆွေးနွေးဆဲ အချက် ၉ ချက်ကိုပဲ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် က ပြောသည်။
“ကျနော်တိုု့ DPN ရဲ့ ရှေ့လုုပ်ငန်းစဉ်နဲ့ ပတ်သက်လိုု့တော့ မူလတုုန်းက အဆိုုပြုချက် ၉ ချက်ကိုုပဲ အဓိက ထားပြီးတော့ ဘယ်လိုုဆက်လက်ညှိနှိုင်းဆောင်ရွက်မလဲ ဆိုုတဲ့ ကိစ္စလေးပါ၊ ကျနော်တိုု့ ဒီ အရင်တုုန်းက မူအားဖြင့် သဘောတူထားတဲ့ အခြေခံ အောက်မှာပဲ ဘယ်လိုု နည်းနာတွေနဲ့ ဆက်သွားမလဲပေါ့ အထူးသဖြင့်ကတော့ ကျနော်တိုု့ Deal of Commitment (DOC_ နဲ့ သွားမယ်ဆိုုတဲ့ ဖြစ်စဉ်အပေါ်မှာတော့ ကျနော်တိုု့ ဒီအတိုုင်း ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖိုု့ ဖြစ်တယ်။”
အစိုုးရနှင့်အပစ်မရပ်သေးတဲ့ တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့တွေအကြား စိန်ခေါ်မှု အခက်အခဲတွေနဲ့ ရင်ဆိုုင်နေရဆဲ ဖြစ်ကြောင်း ခူးဦးရယ် က ဆက်ပြောသည်။
အထူးသဖြင့် ကျနော်တိုု့ လိပ်ခဲတင်းလင်းနဲ့ အများဆုံုး ညှိနှိုင်းနေရတာကတော့ ကျနော်တိုု့ JMC ကိစ္စ ပါပဲ၊ JMC မှာ ကျနော်တိုု့ တပ်နေရာချထားရေးနဲ့ ပတ်သက်တာရယ် နောက်ပြီးတော့ တပ်စခန်း တည်နေရာ သတ်မှတ်တဲ့ ကိစ္စတွေရယ်၊ နောက်ပြီးတော့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ ဘယ်လိုုညှိနှိုင်းပြီးတော့ ဆွေးနွေးမလဲ ဆိုုတဲ့ ကိစ္စက အသားမကျသေးဘူးပေါ့နော် အသေးစိတ် မသွားသေးဘူးပေါ့။”
အပစ်အခတ်ရပ်စဲရေးကို ကုုလသမဂ္ဂ အပါအဝင် နိုုင်ငံတကာက စောင့်ကြည့်ဖို့ တိုုင်းရင်းသားတွေ ဖက်က တောင်းဆိုုချက်ကိုုလည်း အစိုးရဖက်က သဘောတူညီမှု မရှိသေးကြောင်း ခူးဦးရယ်က ဆက်ပြောပါတယ်။
အစိုုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN ခေါင်းဆောင်များ NCA လက်မှတ်ရေးထိုုးနိုုင်ရေးအတွက် ဇူလိုုင်လ ဒုုတိယအပတ်တွင် နှစ်ဘက် ထပ်မံတွေ့ဆုံုကြရန် သဘောတူထားကြသည်။
တဖက်တွင်လည်း တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူညီချက် NCA ရေးထိုုးထားသော ကရင့်အမျိုးသား အစည်းအရုံုး KNU အပါအဝင် အဖွဲ့ ၈ ဖွဲ့က အစိုုးရနဲ့ လက်နက်ကိုုင် အဖွဲ့တွေ အကြား သဘောတူညီချက်အပေါ် အဓိပ္ဗာယ် ဖွင့်ဆိုချက်တွေ ကွဲလွဲနေတာကြောင့် ပြန်လည် သုံုးသပ်ဆွေးနွေးရန် လိုုအပ်နေကြောင်း မကြာသေးမီက ကြေညာချက် ထုုတ်ပြန်ထားသည်။







