ကျပ်သိန်း ၂၀၀ ကျော် မူးယစ်ဆေးများ ဖမ်းမိ

ကျပ်သိန်း ၂၀၀ ကျော် မူးယစ်ဆေးများ ဖမ်းမိ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်အရှေ့ပိုုင်း တာချီလိတ်မြို့တွင် မေလ ၃ ရက်နေ့ နေ့လည်တစ်နာရီခွဲက မြန်မာကျပ်ငွေ သိန်း ၂၀၀ ကျော် တန်ဖိုုးရှိသည့် မူးယစ်ဆေးဝါးနှင့် တရာခံတစ်ဦး ကိုု တာချီလိတ် လွယ်တော်ခမ်း အဖွဲ့ပေါင်းစုံု စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်ဟုု သိရသည်။

တာချီလိတ်မြို့ပြင်မှာရှိသည့် ဂျောပ ( အောက် ) ကျေးရွာမှ တာချီလိတ်မြို့ဖက်သိုု့ Wave-110 အမျိုးအစား ဆိုင်ကယ် အား မောင်းနင်လာသည့် အသက် ၂၄ နှစ်အရွယ် အားမူ ဆိုုသူကိုု ရပ်တန့် စစ်ဆေးခဲ့ရာက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုု တာချီလိတ် မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အတည်ပြု ပြောဆိုုသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ WY စာတမ်းပါ စိတ်ကြွဆေးပြား(၆၄၀၀)ပြား၊ အလေးချိန် (၆၄၀)ဂရမ်ခန့်၊ ဘိန်းစိမ်း(၃)ကီလိုခန့်၊ ဘိန်းဖြူ(၂၀) ဂရမ်ခန့်တို့အား သိမ်းဆည်းရမိခြင်းဖြစ်ပြီး ကာလတန်ဖိုုး ကျပ်သိန်း ၂၀၀ ကျော်ရှိသည်ဟုု သိရသည်။

ဖမ်းဆီးရမိသည့် တရားခံကိုု မူးယစ်ပုုဒ်မများဖြစ်သည့် ၁၅/၁၉(က)/၂၁ အရ တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်ဟုု သိရသည်။

အလားတူ လွန်ခဲ့သည့်လ ဧပြီလ ၁၂ ရက်နေ့တွင်လည်း ကျပ်ငွေ သိန်းပေါင်း ၈၀ ခန့် တန်ဖိုုးရှိသည့် မူးယစ်ဆေးဝါး များနှင့် အသက် ၄၉ နှစ်အရွယ် တရားခံ လော်ထူ ဆိုုသူကိုုလည်း တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်တွင် ဖမ်းဆီး ရမိခဲ့သည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...