မြန်မာစစ်ကော်မရှင်၏ လက်နက်ဝယ်ယူရေးကွန်ရက်ကို ဖော်ထုတ်

မြန်မာစစ်ကော်မရှင်၏ လက်နက်ဝယ်ယူရေးကွန်ရက်ကို ဖော်ထုတ်

မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည် အီရန်လုပ်ဒရုန်းများတွင် အသုံးပြုသည့် အင်ဂျင်များ ဝယ်ယူမှု၌ ပါဝင်ပတ်သက်နေကြောင်း Conflict Armament Research (CAR) နှင့် Justice For Myanmar (JFM) တို့က ထုတ်ပြန်ကြေညာသည်။

အီရတ်-ဆီရီးယားနယ်စပ်တွင် သိမ်းဆည်းရမိသော Sayyad-107 ဒရုန်းအင်ဂျင်မှာ Synpex Shwe ၏ စင်ကာပူအခြေစိုက် ကုမ္ပဏီခွဲမှတစ်ဆင့် မှာယူခဲ့ခြင်းဖြစ်ကာ ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အတွင်း အင်ဂျင်အလုံးပေါင်း ၃၀၀ ကျော်ကို အကြိမ်ကြိမ် ခွဲဝေတင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Synpex Shwe သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလေတပ်အတွက် Mi-17 ရဟတ်ယာဉ်အပိုပစ္စည်းများကို ရုရှားနိုင်ငံမှလည်းကောင်း၊ ဒရုန်းထိန်းချုပ်ရေးစနစ်များကို တူရကီ၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့မှလည်းကောင်း အဓိကတင်သွင်းပေးနေသည့် ပွဲစားကုမ္ပဏီဖြစ်သည်။

အဆိုပါကုမ္ပဏီသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန်အတွက် ၎င်း၏အမည်ကို SS Techniques နှင့် SS Tech Learn ဟု အဆင့်ဆင့်ပြောင်းလဲခဲ့သည့်အပြင် ထိုင်းနိုင်ငံတွင်လည်း SS Affluence အမည်ဖြင့် ကုမ္ပဏီသစ်ဖွင့်လှစ်ကာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိသည်။

JFM အဖွဲ့က ယင်းကုမ္ပဏီကွန်ရက်တစ်ခုလုံးနှင့် ဒါရိုက်တာ ၇ ဦးစလုံးကို ထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုထားသည်။

September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...
September 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေ နေရာ ၅ ခုကို စစ်အုပ်စုတပ်က "၄၉၂၆ စစ်ဆင်ရေး"...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တွင် စစ်အုပ်စုတပ်၏ “၄၉၂၆ စစ်ဆင်ရေး”...