ကျောင်းဆရာ/မများအားလိုအပ်သည့်နေရာတွင် တာဝန်ချ ထားသော် လည်း မသွားလိုသည့်အတွက် အထက်လူကြီး ထံချည်းကပ်မှုမျိုးရှိ

ကျောင်းဆရာ/မများအားလိုအပ်သည့်နေရာတွင် တာဝန်ချ ထားသော် လည်း မသွားလိုသည့်အတွက် အထက်လူကြီး ထံချည်းကပ်မှုမျိုးရှိ
by -
ချင်းဝေါလ်မီဒီယာ

ချင်းပြည်နယ်တွင် ဆရာ/မများအား လိုအပ်သည့်နေရာမျိုးတွင် တာဝန်ချထားသော်လည်း အထက်လူကြီးများထံ တင်ပြချည်းကပ်ပြီး အပြောင်းအရွှေ့ပြန် လည်လုပ်ဆောင်မှုမျိုးရှိနေကြောင်း အမည်မဖော်လိုသူ မြို့နယ်ပညာရေးမှုးတစ်ဦးက ချင်းဝေါလ်မီဒီယာသို့ပြောသည်။ 

“ ကျွန်တော်တို့က လိုအပ်တဲ့နေရာမှာချထားဖို့လုပ်တယ်။ ပြသနာက သူတို့က မသွားချင်လို့ ၀န်ကြီးကို ပြောတာတွေရှိတယ်၊ ပြည်နယ်မှူးကို ပြောတာတွေရှိတယ်၊ ခရိုင်မှူးကို ပြောတာတွေရှိတယ်၊ ကျွန်တော်တို့က လိုအပ်တဲ့နေရာတွေ ထည့်ပေးဖို့လုပ်နေတယ်၊ ကာယကံရှင်တွေက မသွားချင်တော့ ၀န်ကြီးကို တစ်မျိုးသွားပြော၊ ပြည်နယ်မှူးကို သွားပြော၊ ခရိုင်မှူးကို သွားပြော၊ အဲလိုတွေ ဖြစ်တယ်၊ အဲဒါကြောင့် မြို့နယ်ပညာရေးမှူး အနေနဲ့ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိဘူး၊ လုပ်လည်း မရဘူး၊ ကျွန်တော်တို့ကတော့ မတရားလည်း မလုပ်ဘူး၊ တကယ့် ကိုယ့်မြို့ရဲ့ လိုနေတာကို လိုအပ်ချက်တိုင်းလုပ်တယ်” ဟုအမည်မဖော်လိုသူ မြို့နယ်ပညာရေးမှုးကပြောသည်။

 “ တစ်ချို့ဆရာမလေးတွေက ဟိုရွာကိုသွားလိုက်ပါပြောရင် တစ်ချို့က ပြေပြေသာသာသွားတယ်၊ တစ်ချို့က မသွားချင်တော့ ၀န်ကြီးတို့၊ ပြည်နယ်မှူးတို့၊ ခရိုင်မှူးတို့ သွားပြောတဲ့သူ တွေရှိတယ် လေ၊ ယာယီခန့်လိုက်တာ ဆိုရင်တော့ မငြင်းဘူးလေ၊ တကယ်တမ်းလုပ်ရမှာက လိုအပ်တဲ့နေကို အပြောင်းအရွှေ့လုပ်ရမယ်၊ ဝေးလံတဲ့နေရာတွေအတွက် အသစ်ခန့်ရမယ် အဲလိုဆိုရင်တော့ အဆင်ပြေမှာ” ဟု ဆက်ပြောသည်။

 Seipi ကျေးရွာအလက (ခွဲ) ကျောင်းမှ Saya Fai က“သူတို့ကတော့ ဆရာ/မ ပေးမယ်လို့ တော့ပြောတယ်၊ ဒါပေမဲ့ အခုထိတော့ မရောက်သေး ဘူး၊ ကျတော်တို့ရွာကျောင်းက အလက (ခွဲ) ကျောင်း၊ ဆရာ/မ ကတော့ ၃ ဦးပဲ ရှိတယ်။ လယ်ပြကတော့ကျွန်တော်တစ်ယောက်ထဲပေါ့၊ တစ်ခန်းကို လေ့ကျင့်ခန်းပေပြီး တောက်လျှောက် နားချိန်မရှိသင်ပေးနေတယ်။

 ဒီလိုသာ မလုပ်ရင် လုံးဝမရဘူး၊ ကျောင်းဆရာကြီးလည်း မရှိဘူး၊ ကျောင်းသား/သူ ကတော့ ၄၀ ကျော်ရှိတယ်၊ သင်ပေးတဲ့သူ မလောက်လို့ ကျောင်းထွက်ပြီးပြောင်းသွားတဲ့ ကျောင်းသားတွေလည်းရှိတယ်” ဟုပြောသည်။ 

ချင်းပြည်နယ်အစိုးရအနေဖြင့် ချင်းပြည်နယ်တွင် ပညာရေးအတွက် ၀န်ထမ်း အသစ်ခေါ်ဆိုမှု လုပ်ဆောင်လျက်ရှိပြီး ၀န်ထမ်းတစ်ထောင်ကျော် ခန့်ထားမည်ဖြစ်ကြောင်း တစ်နှစ်တာ ချင်းပြည်နယ် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများ သတင်းစာရှင်းလင်းပွဲ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်က သူ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...