ချင်းပါတီကြီးသုံးခုမှချင်းအမျိုးသားကွန်ကရက်နှင့်ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖွယ်ရှိ

ချင်းပါတီကြီးသုံးခုမှချင်းအမျိုးသားကွန်ကရက်နှင့်ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖွယ်ရှိ
by -
ချင်းဝေါလ်
ချင်းပါတီကြီးနှစ်ခုဖြစ်သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) တို့သည် ပါတီပူးပေါင်းရန်အတွက် ဇွန်လ (၁၅) ရက်နေ့တွင် ခေါင်းဆောင်များ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး၊ မကြာမီကာလတွင် ချင်းအမျိုးသားကွန်ကရက် (Chin National Congress) အဖြစ် မှတ်ပုံတင်မည်ဟု သိရသည်။

ပါတီသစ်အမည်အတွက် ပါတီဥက္ကဌနှစ်ဦးဖြစ်ကြသော Pu No Than Kap (CPP) နှင့် Pu Zo Zam (CNDP) တို့မှ သဘောတူရွေးချယ်ထားကြသည့် အမည်များထဲမှာ Chin National Congress အား အများသဘောတူ ရွေးချယ်ကြခြင်းဖြစ်ပြီး၊ ဇူလိုင်လအတွင်းတွင် ပါတီသစ်မှတ်ပုံတင်ခြင်းအား ပြုလုပ်ကြမည်ဟု သိရသည်။

ချင်းပါတီကြီး (၃) ပါတီအနက် ကျန်သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) မှာ လာမည့်အောက်တိုဘာလအတွင်း၌ ပါတီညီလာခံပြုလုပ်မည်ဖြစ်ပြီး၊ CNC ဖြစ်ပေါ်လာပါက ချင်းပါတီပေါင်းစည်းရေးထက် ချင်းဒီမိုကရေစီအဖွဲ့ချုပ်အား ပုံစံတမျိုးဖြင့် ပြောင်းလဲဖွဲ့စည်းရန် ရည်ရွယ်သည်ဟု သိရသည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဆလိုင်းငိုင်ဆာ့ခ်မှ “ပါတီသစ်အမည်ရွေးချယ်ပြီးဆိုရင်တော့ ချင်းပါတီပေါင်းစည်းရေးက မလွယ်တော့ပါဘူး။ ကျနော်တို့ညီလာခံမှာ ချင်းပါတီပေါင်းစည်းရေးကိစ္စထက် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) ကို ၁၉၈၈ လူထုလှုပ်ရှားမှုကြီးအပြီးမှာ ချင်းလူထုက ရပ်တည်အားပေးခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (Chin National League for Democracy) အနေနဲ့ ဖွဲ့စည်းဖို့ဘက်ကို ဆွေးနွေးသွားကြမယ့်သဘောရှိပါတယ်။ CLD မဖွဲ့ခင်ကတည်းက ဒီ CNLD ကို ပြန်လည်ဖွဲ့စည်းဖို့ စဉ်းစားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မပေးဖြစ်ခဲ့တာပါ” ဟုပြောသည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းမှ “ချင်းပါတီပေါင်းစည်းမှုကို အမြဲတံခါးဖွင့်ထားသလို၊ လက်မြှောက်အရှုံးမပေးသေးပါဘူး။ CLD အနေနဲ့ ဒီ ချင်းပါတီပေါင်းစည်းမှုဖြစ်စဉ်မှာ နှောင့်နှေးမှုရှိနေတဲ့အတွက် ပါတီအမည်သစ် အစပြုမှုမှာ အစကနေ ပါ၀င်နိုင်ခြင်းမရှိပေမယ့်လည်း၊ ၈၀ ရာခိုင်နှုန်း Process ကနေတော့ အနည်းဆုံးပါ၀င်ခြင်းရှိနေနိုင်ပါသေးတယ်” ပြောသည်။

ချင်းပါတီကြီး(၃) ပါတီသည် ၂၀၁၆ မေလ (၁) ရက်နေ့တွင် ပါတီခေါင်းဆောင်များတွေ့ဆုံပြီး၊ ပေါင်းစည်းရန်အတွက် မူအားဖြင့် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...