အောင်ချက် ၁၉ ရာခိုင်နှုန်းရရှိသော ချင်းပြည်နယ် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဒုအောင်ချက်အနည်းဆုံးဖြစ်

အောင်ချက် ၁၉ ရာခိုင်နှုန်းရရှိသော ချင်းပြည်နယ် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဒုအောင်ချက်အနည်းဆုံးဖြစ်
by -
ချင်းဝေါလ်
၂၀၁၆-၁၇ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းအား ဇွန်လ (၁၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ်သည် အောင်ချက် ၁၉.၀၄ ရာခိုင်နှုန်းရရှိခဲ့ပြီး၊ ယင်းမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဒုတိယအောင်ချက်အနည်းဆုံးဖြစ်သည်။

၂၀၁၆-၁၇ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ချင်းပြည်နယ်တွင် ဖြေဆိုသူပေါင်း ၉၇၂၅ ဦးရှိပြီး၊ ယင်းအထဲတွင် ၁၈၅၂ ဦးမှ အောင်မြင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွက် အောင်ချက်အကောင်းဆုံးမှာ- မွန်ပြည်နယ်ဖြစ်ပြီး၊ ဖြေဆိုသူ (၂၂၀၀၀) ကျော်တွင် (၉၀၀၀) ကျော်အောင်မြင်ခဲ့ကာ၊ အောင်ချက်ရာခိုင်နှုန်း (၄၁) ရာခိုင်နှုန်းဖြစ်သည်။

အောင်ချက်အနည်းဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး၊ ဖြေဆိုသူ (၃၈၄၄၀) တွင် (၆၅၉၈) သာအောင်မြင်သည့်အတွက် (၁၇.၁၆) ရာခိုင်နှုန်းသာလျှင် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွက် ချင်းပြည်နယ်တွင် ဂုဏ်ထူးရရှိသူပေါင်း ၂၀၀ ကျော်ရှိပြီး၊ ဘာသာစုံ ခြောက်ဘာသာနှင့် ငါးဘာသာဂုဏ်ထူးရှင်များ မရှိပဲ၊ (၄) ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၃၂) ဦးနှင့် (၁) ဘာသာဂုဏ်ထူးရရှိမှု (၁၇၅) ဦးတို့ရှိခဲ့သည်။

ယင်းဂုဏ်ထူးရရှိမှုများတွင် ဘောဂဗေဒဘာသာရပ်အား (၉၂) ဦးမှ ဂုဏ်ထူးရရှိခဲ့ပြီး၊ ဂုဏ်ထူးရရှိမှုအများဆုံးဘာသာရပ်ဖြစ်ခဲ့သည်။ ယင်းနောက် ဇီဝဗေဒအား (၆၂) ဦး၊ ပထဝီဝင် (၅၁) ဦး၊ သမိုင်း (၂၃) ဦး၊ ဓါတုဗေဒ (၁၈) ဦး၊ သချင်္ာဘာသာရပ် (၁၃) ဦး၊ ရူပဗေဒ (၇) ဦး၊ မြန်မာစာ (၄) ဦးနှင့် အင်္ဂလိပ်စာ (၁) ဦးတို့ဖြစ်ကြသည်။

(၄) ဘာသာဂုဏ်ထူးရှင် (၅) ဦးမှာ ဖလမ်းစာစစ်ဌာနမှ ဗန်နှဲမ်ဆွီး (ခဖ ၈၁) မှ သချင်္ာ၊ ဓါတု၊ ရူပ၊ ဇီဝဖြင့်၄င်း၊ ထောင်းခတ်လျန် (ခဖ ၁၀၉) မှ သချင်္ာ၊ ဓါတု၊ ရူပ၊ ဇီဝဖြင့်၄င်း၊ ဟားခါးစာစစ်ဌာနမှ ရိုစီလီနှီယာန်လှေဆုန် (ခဟ ၃၈) မှ သချင်္ာ၊ ဓါတု၊ ရူပ၊ ဇီဝဖြင့်၄င်း၊ တီးတိန်စာစစ်ဌာနမှ ဒိိမ်းရှန်းကိမ်း (ခတ ၂၆၄) မှ သချင်္ာ၊ ဓါတု၊ ရူပ၊ ဇီဝဖြင့်၄င်း၊ မင်းတပ်စာစစ်ဌာနမှ ပန်းအိဇင် (ခမ ၆) မှ မြန်မာစာ၊ ဓါတု၊ ရူပ၊ ဇီဝဖြင့်၄င်း အသီးသီးရရှိခဲ့ကြသည်။

ယခုနှစ်တွင် မြန်မာတနိုင်ငံလုံး၌ ဖြေဆိုသူပေါင်း ခုနှစ်သိန်းကျော် ရှိခဲ့ပြီး၊ ယင်းအထဲတွင် (နှစ်သိန်းလေးသောင်းကျော်) မှ အောင်မြင်သဖြင့် ၃၃.၈၉ ရာခိုင်နှုန်းအောင်ချက်ရရှိနိုင်ခဲ့သည်။ ဘာသာစုံဂုဏ်ထူးရရှိသူပေါင်း (၈၀၉) ဦး ရှိခဲ့သည်။

ချင်းပြည်နယ်သည် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ဖြေဆိုသူ (၉၈၄၆) တွင် အောင်မြင်သူ (၁၄၁၄) ဦးရှိခဲ့ပြီး၊ ၁၄.၃၆ သာအောင်မြင်ခဲ့သဖြင့် ယခုနှစ်တွင် ၃ ရာခိုင်နှုန်းတိုးတက်လာသည်ဟု ဆိုနိုင်သည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...