ရာသီအကူအပြောင်းကြောင့် ဖြစ်တဲ့ ၀မ်းပျက် ၀မ်းလျှော ရောဂါ ပလက်ဝမြို့ဆေးရုံးသို့ ရောက်ရှိသူများ

ရာသီအကူအပြောင်းကြောင့် ဖြစ်တဲ့ ၀မ်းပျက် ၀မ်းလျှော ရောဂါ ပလက်ဝမြို့ဆေးရုံးသို့ ရောက်ရှိသူများ
by -
ချင်းဝေါလ်
ဆောင်းရာသီမှ ပွင့်လင်းရာသီ ရာသီဥတု အကူအပြောင်းကြောင့် တွေ့ကြံုနေရသော သန့်ရှင်းမှုမရှိသော အစားသောက်များ ၊ ရေရှားပါးခြင်းတို့ကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၀မ်းပျက် ၀မ်းလျှောရောဂါများနှင့် ရင်ဆိုင်နေသည် ဟု သတင်းရရှိသည်။

“ရာသီအကူအပြောင်းကာလမှာ ရေရှားပါးတာရယ်၊ ရေမလုံလောက်တာရယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတာ၊ အသိပညာနည်းတာ၊ ရေတွေ ကျိုချက်သောက်မှာကို မသောက်တာ၊ မသန့်ရှင်းတဲ့ အစားအသောက်တွေ စားသုံးတာရေ၊  ယင်လုံအိမ်သာမသုံစွဲတာ၊ ဒီရောဂါနဲ့ ပတ်သက်ပြီး သေတာ ပျောက်တာ ဘာမှ မရှိပါဘူး။

တစ်ခြားသေတွေမှာ ဒီလိုပါပဲ ဖြစ်ရိုးဖြစ်တစ်ခုပါ။မိုးရာသီမှာလည်း ဖြစ်တတ်တဲ့ ရောဂါဖြစ်တယ် ရေမသန့်တဲ့အတွက်”ဟု ပလက်ဝမြို့ဆေးရုံးမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးဦးအေးကျော်က ပြောသည်။

ဆက်လက်၍ ပြောကြားသည်မှာ ဖြစ်တာကလည်း ၀မ်းလျော ၀မ်းပျက်က ကူးစက်ရောဂါလို  ဖြစ်မဟုတ်တဲ့အတွက်  တစ်နေရာတည်းတွင် ဖြစ်လေ့ မရှိခြင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ရွာ(၆) ရွာ လက်ပံ့ပြည်၊ ရိပ်ခါ၊ ရွာမ၊ စိမ်ဝါ၊ အောင်မြေလဝါစသည့် ရွာများမှ လာရောက် ကုသမှုခံယူနေကြကြောင့် ထိုနောက် အဖြစ်များဆုံး အသက်အရွယ်မှာ သက်ငယ်ပိုင်းများ ဖြစ်များသည်ဟု ရှင်းပြသည်။

ပလက်ဝမြို့ဆေးရုံးမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးဦးအေးကျော်က “ဖြစ််တဲ့နေရာတွေမှာ ကျွန်တော်တို့ သားဖွားဆရာမတွေက ချက်ချင်း သွားရောက် အသိပညာပေးတယ်။ စစ်ဆေးစရာရှိတာတွေ စစ်ဆေးတယ်။ ပေးစရာရှိတာတွေ ပေးတယ်။ ကျန်းမာရေး ပညာပေးတယ်။ လမ်းတိုင် လမ်းတိုင်မှာလည်း ၀မ်းလျှော ၀မ်းပျက်နှင့် ပတ်သက်ပြီး နှိုးဆော်၊ သတိပေးချက်တွေကို ချိတ်ထားပါတယ်။ လက်ကမ်းစာစောင်ကိုလည်း ဝေဖို့ လုပ်ထားပါတယ်။ အတိုင်းအတာတစ်ခုထိတော့ ထိန်းချုပ်နိုင်ပါတယ်” ဟု လုပ်ဆောင်ချက်များကို ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ၁၅၊၂၊ ၁၂၀၁၇ ရက်နေ့တွင် ချင်းပြည်နယ်စည်ပင်ဝန်ကြီးဖြစ်သော ဆလိုင်းအိုက်ဇက်ခင်က ဖော်ပြထားသည်မှာ ဆေးရုံးသို့ လာရောက်ကုသမှုခံယူများမှာ ပလက်ဝမြို့အနီးတစ်ဝိုက် ကျေးရွာများမှ ဖြစ်ပြီး၊ စုစုပေါင်း လူနာဦးရေ ၃၀ ရှိကာ ၁၆၊၂၊ ၂၀၁၇ နေ့တွင် ၂၄ ဦး သက်သာ ပျောက်ကင်း၍ ဆေးရုံးမှ ဆင်းပြီး ဖြစ်ပါသည်။ ကျန် ၆ ဦးမှာ ကလေးငယ်များဖြစ်၍ ထိုသူတို့၏ အခြေအနေမှာ စိုးရိမ်းစရာမရှိသော်လည်း ပိုမိုစိတ်ချနို်င်ရန် ဆက်လက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းကြောင့် ရေးသားထားသည်။

(၅၀) ကုတင်ဆံ့ ပလက်ဝမြို့ဆေးရုံမှ ဒေါက်တာစန်းမာမှ ပလက်ဝမြို့နယ်အတွင်းတွင် ငှက်ဖျားရောဂါ၊ ၀မ်းပျက်ဝမ်းလျှောရောဂါနှင့် အစာအိမ်နှင့် ပတ်သက်သော ရောဂါများ အဖြစ်များဆုံးဖြစ်သည်ဟု ပြောသည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...