ချင်းပြည်နယ်တွင် ငါးနှစ်အတွင်း ကော်ဖီထုတ်လုပ်မှု ၂၀၀ မထရစ်တန်ထွက်ရန် ရည်ရွယ်ဟု Nat & Prisma မှပြော

ချင်းပြည်နယ်တွင် ငါးနှစ်အတွင်း ကော်ဖီထုတ်လုပ်မှု ၂၀၀ မထရစ်တန်ထွက်ရန် ရည်ရွယ်ဟု Nat & Prisma မှပြော
by -
ချင်းဝေါလ်
ချင်းပြည်နယ်မှ ကော်ဖီများကို နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရန် ကြိုးစားလျက်ရှိသော Nat & Prisma Coffee မှ လာမည့် ငါးနှစ်အတွင်းတွင် ချင်းပြည်နယ်၏ ကော်ဖီထွက်နှုန်းသည် တနှစ်လျှင် ၂၀၀ မထရစ်တန်အနည်းဆုံးထုတ်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပြောသည်။ (1Metric Ton = 1,000 Kilogram)

Nat & Prisma Coffee အဖွဲ့အားတည်ထောင်သူ ပြင်သစ်နှင့်ဆွစ်ဇာလန်နိုင်ငံသူဖြစ်သော Ms. Nathalie Manac’h မှ “ မြန်မာနိုင်ငံကော်ဖီအသင်းကနေ သိရတာက မြန်မာနိုင်ငံမှာ တနှစ်ကို ကော်ဖီ ၅၀၀ မက်ထရစ်တန်ထွက်တယ်လို့ သိရတယ်။ အဲဒီအထဲကနေ ချင်းပြည်နယ်ကနေတော့ မက်ထရစ်တန် ၈၀ ထွက်တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာမှ ချင်းပြည်နယ်တောင်ပိုင်းကနေ ၆၀နဲ့ မြောက်ပိုင်းကနေ ၂၀နှုန်းလို့ သိရပါတယ်။ ကျမတို့ရဲ့ အစီအစဉ်ကနေ လာမယ့် ငါးနှစ်မှာတော့ ချင်းပြည်နယ်ကနေ တနှစ်ကို ၂၀၀ မက်ထရစ်တန်တော့ အနည်းဆုံးထွက်နိုင်ဖို့ရည်ရွယ်ချက်ထားထားပါတယ်” ဟု ဆိုသည်။

Nat Coffee အမည်ဖြင့် ဆွစ်ဇာလန်နိုင်ငံတွင် ချင်းကော်ဖီများအား မိတ်ဆက်ပေးရန်ရည်ရွယ်ထားသလို၊ Prisma Coffee အား ဗြိတိန်နိုင်ငံသို့ တင်သွင်းရန်ရည်ရွယ်ထားသည်ဟုလည်း သိရသည်။ Nat & Prisma Coffee အဖွဲ့နှင့် ချင်းကော်ဖီစိုက်သည့်တောင်သူများ ဒီဇင်ဘာလအတွင်းတွင် တွေ့ဆုံခဲ့ပြီး Chin Litai အမည်ဖြင့် ကော်ဖီအား ထုတ်လုပ်သွားရန်ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။

Ms. Nathalie Manac’h မှ “မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကို ကော်ဖီတင်ပို့မှု သက်တမ်းက အရမ်းနုနယ်နေသေးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ အမေရိကန်ပြည်ထောင်စုကို ကွန်တင်နာ နှစ်စီးစာ တင်ပို့နိုင်တာပဲရှိသေးတယ်။ အထူးသဖြင့် နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ အရည်အသွေးပိုင်းမှာလည်း ပြင်ဆင်ဖို့လိုသေးတယ်။ ကျမတို့အနေနဲ့ ချင်းပြည်နယ်မှာ ဒီအခြေခံစိုက်ပျိုးတဲ့စနစ်ကနေ အရည်အသွေးမှီထွက်လာအောင် ပြုလုပ်ပေးသွားမှာပါ။”ဟု ပြောသည်။

Nat & Prisma Coffee နှင့် ချင်းကော်ဖီတောင်သူများသည် လာမည့် ဖေဖော်ဝါရီလ ၂၁-၂၄ အတွင်းတွင် မင်းတပ်မြို့၌ ထပ်မံတွေ့ဆုံကာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်သွားမည်ဟုလည်း သိရသည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...