ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာဒုဝန်ကြီးမှ စာဖြင့်လာရောက်ဖြေကြားရာတွင် ‘’တယ်လီနောမြန်မာလီမိတက်အနေဖြင့် စန်ဘောင်ရပ်ကွက်၌တာဝါတိုင်တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးပြီဖြစ် သည်ထို့အတူ အော်ရီဒူးမြန်မာလီမိတက် အနေဖြင့်လည်းရေဇွာတိုက်နယ်၊ ၊စာလ်ထောင်ရွာအနီးတွင် စက်ပစ္စည်းများတပ်ဆင်ရန်နှင့် အဝေးဆက်သွယ်မှုဆက်ကြောင်း ချိတ်ဆက်နိုင်ရန်အတွက်စီစဉ် ဆောင်ရွက်မည်ဖြစ်ရာ ၂၀၁၈ ခုနှစ် မတ်လကုန်ခန့်တွင်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါသည်’’ဟုဆိုသည်။
ဆက်လက်ပြီးဖော်ပြရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းGSM/UMTSမိုဘိုင်းစခန်းများ တည် ဆောက်ခြင်း လုပ်ငန်း အတွက်မြေနေရာ ရှာဖွေခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မြေနေရာရှိပါက ဆက်လက် ဆောင်ရွက် သွားမည်ဟု’’ဖြေကြားထားသည်။
“ပြည်ထောင်စု ဒုဝန်ကြီးအဖြေက ၄၅ရာခိုင်နှုန်းကျေနပ်ပေမဲ့ ၅၅ ရာခိုင်နှုန်း ကတော့မကျေနပ်ပါဘူး ။နောက်တစ်ခုက မတူပီမြို့နယ် အပြင် လိုင်လင်းပီမြို့တိုးချဲ့ပေးထားတယ်ဆိုကတည်းက ဖုန်းလိုင်းလေးတော့ သွယ်ပေးရမည်လေ’’ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလားလ်မင်းထန်က ပြောသည်။
ဆက်လက်ပြီး “ ကျွန်တော် ဇွဲတော့မလျော့သေးပါဘူး ။ဒီထက်စောစော ကိုယ့်မြို့နယ်မှာဆက်သွယ်ရေးဖုန်းလိုင်းတွေရရှိဖို့ကို လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ပုဂ္ဂလိက အော်ပရေတာတွေ ဖြစ်တဲ့ Telenor, Ooredoo ရုံးချုပ် တွေကို တနည်းနည်းနဲ့ချဉ်းကပ်ပြီး အကူအညီတောင်းဦးမှာပါ”ဟုဆိုသည်။
မတူပီမြို့တွင် ယခင်က MPTတာဝါတိုင်များစိုက်ထူရန် နေရာရွေးချယ်ချင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ သို့သော် ယခု တာဝါတိုင်များစိုက်ထူရန်ရွေးချယ်ထား သောနေရာများသည် ယခင်က ရွေးချယ်ထားသောနေရာများနှင့်ကွဲလွဲမှု များစွာရှိနေကြောင်းသိရသည်။
“အခုပြောနေကြတာတွေကိုကြားရတာပေါ့၂၀၁၈ကျမှပဲ ဖုန်းလိုင်းရမည့်ကိစ္စကတော့အရမ်းကြာပါတယ်။ မြန်မာပြည် အရပ်ရပ်မှာဖုန်း လိုင်းတွေရနေကြတာ မတူပီပဲမရ တာဘာကြောင့်လဲ။ နိုင်ငံသားဖြစ်ခြင်း ထဲမှာနိုင်ငံသားတိုးတက်ရေး နှင့် အခြေခံရပိုင်ခွင့်များပါပြီး သားပါ။ တိုးတက်ရေး လို့ပြောရာမှာ ဆက်သွယ်ရေးဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သလို။ဆက်သွယ်ရေး အဆင်မပြေ လို့ဆုံးရှုံးမူတွေမြောက်များစွာတွေ့ကြံု့နေတာပါ ခုတောင်းဆိုကြတဲ့ကိစ္စဟာလည်းBasic Need အခြေခံလို အပ်ချက်ဖြစ်သ လိုUrgent need အရေးပေါ်လိုအပ်ချက်လည်းဖြစ်ပါတယ်။ ဒီတော့ပြောချင်ပါတယ် ကျမတို့မြို့လည်းအခြား သောမြန်မာနိုင်ငံသားများနည်းတူ အမြန်ဆုံး ဖုန်းလိုင်းများ ရရှိသင့်ပါတယ်။’ ’ဟု မြို့မနှစ်ခြင်းအသင်းတော်မှ လက်ထောက်ပါစ္စတာ ဒေါက်တာဗန်နွေဒိန်းက ပြောသည်။
‘ ဖုန်းတာဝါတိုင်တွေ တည်ဆောက်တာက တကယ်တမ်းကြတော့ နှစ်နဲ့ချီပြီးမကြာပါဘူး၊
ပထမဦးဆုံးဖိုင်ဘာကြိုးလမ်းတွေဆွဲပြီးဖို့လိုပါတယ်။အဲဒါတွေပြီးသွားပြီဆိုရင် တာဝါတိုင်ထောင်တာကတော့ နှစ်လအတွင်းပြီးပါတယ်။ပြီးရင် တာဝါတိုင်နဲ့ ဖိုင်ဘာကြိုးတန်းကိုချိတ်ဆက်ရပါမယ်။အဲဒါပြီးတာ နဲ့ မိန်းတာဝါတိုင်ကနေ( wireless)၀ါယာလက်တွေကို ပြန်လွှင့်ရမှာဖြစ်တယ်။တကယ်လို့နယ်မြေခံသက်ဆိုင်ရာအာဏာပိုင်တွေကနေလည်း ပူးပေါင်းကူညီမယ်၊ မြို့ခံတွေကလည်း ပူးပေါင်းပါ၀င်မယ်ဆိုရင် ကျနော်တို့တည်ဆောက်ရေးပိုင်းတွေဘက်ကတော့ ခဏလေးနဲ့ ပြီးစီးပါတယ်ဖုန်းလိုင်းတွေအသုံးပြုနိုင်ပါလိမ့်မယ်’’ ဟု ဆက်သွယ်ရေတာဝါတိုင် တည်ဆောက်ရေးကုမ္ပဏီမှ အရာရှိတစ်ဦးကရှင်းပြသည်။
ဖုန်းလိုင်သွယ်တန်းရာတွင် အဓိကဖြစ်သောမြေအောက် ကေဘယ်ကြိုးများသွယ်တန်းရာတွင် ဖြတ်သန်းရသောတချို့နေရာများတွင် ဒေသခံများနှင့် ကုမ္ပဏီ၊အစိုးရအဖွဲ့တို့ကြားနား လည်မှုအနည်းငယ်လွှဲမှား မှုများ ကလည်း လုပ်ငန်းလုပ်ဆောင်ရာတွင် ခက်ခဲမှုများကြံုတွေ့ရသည်ဟုသိရသည်။
ဆက်သွယ်ရေးတာဝါတိုင်တွေကတော့ ထောင်ကြတာပေါ့နော်၊အဲဒီမှာ Operator တွေကလည်း သူ့ ့ Target နဲ ့သူသွားနေကြတာ State and divisional အလှည့်ကျပေါ့ ။အရင်ကဆို တယ်လီနော် က ရန်ကုန်စတယ် ပြီးတော့ မန္တလေးနဲ့နေပြည်တော် ကိုလုပ်တယ်ပေါ့။တကယ်လို့ Chin State မှာပေါ့ ဆက်သွယ်ရေ းကွန်ယက်တွေ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်စေချင်ရင် ပြည်နယ်အစိုးရအနေနဲ ့ operator နှစ်ခုလုံးနဲ ့ဆွေးနွေးမှု တွေလုပ်လို့ရနိင််မယ်လို့မြင်မိပါတယ် ဟု IGT BP Manager ( North)မှပြောပြသည်။
လက်ရှိ ချင်းပြည်နယ်တစ်ခုလုံးတွင် ဖုန်းလိုင်းများကို အမျိုးမျိုး လိုင်းပေါင်းစွာကိုင်စွဲအသုံးပြုနိုင်သော်လည်း မတူပီမြို့တွင် MECဖုန်းလိုင်းမှလွဲ၍ တစ်ခြားဖုန်းလိုင်းများကို အသုံးပြုနိုင်ခြင်းမရှိသေးကြောင်းတွေ့ရသည်။အဆိုပါ MECဖုန်းလိုင်းကို ၂၀၁၄ ဒီဇင်ဘာတွင်ချထားပေးသော်လည်း မတူပီမြို့နှင့်အနီးကျေးရွာပေါင်း(၁၄၀)တွင်အသုံးပြုနိုင်ခြင်းမရှိနိုင်သေးကြောင်းသိရသည်။







