အကျဉ်းသားကားကို အရှိန်ပြင်း မောင်းနှင်သောကြောင့် ပြည်သူများ ထိတ်လန့်

အကျဉ်းသားကားကို အရှိန်ပြင်း မောင်းနှင်သောကြောင့် ပြည်သူများ ထိတ်လန့်
by -
ကုလားတန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ခရိုင်တရားရုံးသို့ ဘူးသီးတောင် အကျဉ်းထောင်မှ အကျဉ်းသား များကို ခေါ်ဆောင်လာသော ရဲတပ်ဖွဲ့ လုံခြံုရေးကား ကားသည် မောင်တောမြို့အတွင်း အရှိန်ပြင်းစွာ မောင်းနှင်းသောကြောင့် ပြည်သူများ ထိတ်လန့်နေရကြောင်း ရပ်ကွက်လူကြီး ဦးအာမန်က ပြောဆိုသည်။

ထိုသို့ မောင်းနှင်ရာတွင် အကျဉ်းသားကားကို ရဲတပ်ဖွဲ့လုံခြံုရေး ကားနှစ်စီးဖြင့် ရှေ့နောက် ညှပ်၍ မောင်တောမြို့သို့ မောင်းနှင်ဝင်ရောက် သည့်အတွက် လမ်းပေါ်ရှိ လူနှင့် အခြား သွားလာနေသော ယာဉ်များ လမ်းဘေးသို့ ရှောင်ပေးနေကြရသည်ဟု ဦးအာမာန်က ဆိုသည်။

အကျဉ်းသားကားသည် မောင်တောမြို့ပေါ်တွင် အလွန်အရေးပါးသော ကားတစီးကဲ့သို့ ရဲတပ်ဖွဲ့ဝင် များက ခရာမှုတ်ပြီး သွားလာနေသဖြင့် ပြည်သူများအတွက် ထူးဆန်းသကဲ့သို့ ကလေးသူငယ်များနှင့် ကျောင်းသားကျောင်းသူများအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်ကြောင်းလည်း မြို့ခံများက ဆိုသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးနူရ်အာလာမ်က "အဲဒီကား သွားလာတဲ့ အချိန်ဟာ ကျောင်းသားများ နဲ့ ပြည်သူများ သွားလာတဲ့ အချိန်ဖြစ်တဲ့အတွက် ဖြေးဖြေးမောင်းနှင်ရန် ပြည်သူများ တောင်းဆိုပေမဲ့ ဂရုမစိုက်ဘဲ ကားကို အရှိန်ပြင်းစွာ မောင်းနှင်တာ ဖြစ်ပါတယ်" ဟု ပြောဆိုသည်။

အကျဉ်းသားကားသည် နံနက် ၉ နာရီခွဲတွင် သွားပြီး၊ ညနေ ၄ နာရီတွင် ဘူးသီးတောင်သို့ ပြန်သည်ဟု သိရသည်။ မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် အကျဉ်းထောင်တစ်ခုသာ ရှိသည်။

အောက်တိုဘာလ (၆) ရက်နေ့က ရွှေဇားကျေးရွာအုပ်စု၊ ဂုနားရွာနေ အသက် ၂၀ နှစ်အရွယ် မာမတ် ဖိုက်ဆဲလ် ဆိုသူသည် မှန်လုံကားတစ်စီးကို ညနေ (၄) နာရီအချိန်၌ မောင်းနှင်လာနေစဉ် မြို့ပေါ် နာရီစင်အနီး အရောက်တွင် ရှေ့ကားတစ်စီး ရှိနေခြင်းကြောင့် ကားကို ဖြည်းဖြည်းမောင်းခဲ့သည်။

ထိုအချိန်တွင် မောင်တောခရိုင် တရားရုံးမှ လာနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ်းသားများ သယ်ဆောင်သည့် ကားများကို လမ်းဖယ်မပေးဟုဆိုကာ မာမတ်ဖိုက်ဆဲလ်အား ကားထဲမှ ဆွဲထုတ်၍ ရဲတပ်ဖွဲ့ဝင်များက ဝိုင်းထိုးကြိတ်ပြီး မောင်တောမြို့နယ်၊ သုံးမိုင်ရှိ ရဲတပ်ဖွဲ့ဝင်များ၏ ယာယီ အချုပ်ခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း နာရီစင်အနီးရှိ ပြည်သူများနှင့် ဖိုက်ဆဲလ်၏  ဆွေးမျိုးများ၏  ပြောပြချက်အရ သိရသည်။

ထို့အပြင် မာမတ်ဖိုက်ဆဲလ် မောင်းနှင်လာသည့် ကားကို မြို့နယ် ရဲစခန်းမှ လာရောက်ပြီး ရဲစခန်းသို့ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

မာမတ် ဖိုက်ဆဲလ်ကို အောက်တိုဘာ ရ ရက်နေ့၊ ညနေ (၄) နာရီအချိန်ထိ ချုပ်နှောင်ထားခဲ့ပြီး ငွေကျပ် (၈) သိန်း အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

January 29, 2026
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံက တင်ပြနေသည့်...
January 28, 2026
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဆက်လက်ကျင်းပလျက်ရှိသည့် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားသော...
January 26, 2026
နိုင်ငံတကာတရားရုံး (ICJ)တွင် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားသော ရိုဟင်ဂျာ လူမျိုးစုအပေါ်...
January 23, 2026
မလေးရှားအစိုးရသည် ဒုက္ခသည်များအတွက် မှတ်ပုံတင်စနစ်အသစ်တစ်ရပ်ကို ဇန်နဝါရီလ ၁ ရက်မှ...