အဆိုပါလက်မှတ်များကို ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီက ဦးဆောင် ကောက်ခံ၍ ရရှိလာသည့် ပြည်သူ့သဘောထားလက်မှတ်များကိုအစိုးရထံသို့ တင်ပြမည်ဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။
ထို့အပြင်သဘောထားလက်မှတ်ကောက်ခံမှုကိုမွန်တော်လှန်ရေးနေ့ အခမ်းအနားတွင်သာမက မွန်တိုင်းရင်းသားများအတွက် အထင်ကရဖြစ်သည့် အခမ်းအနားနေ့ရက်များတွင် ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်းဦးဆောင်သူများကပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ လူဦးရေထောင်ကျော် တက်ရောက်ခဲ့ပြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ မွန်လူမှုအဖွဲ့အစည်းများ၊ မွန်တေးသံရှင်များ၊ မြို့နယ်အသီးသီးမှ မွန်လူမျိုးများတက်ရောက်လာကြပြီးကျဆုံးသွားသည့် မွန်တော်လှန်ရေးခေါင်ဆောင်များကိုဂုဏ်ပြုသည့်အနေဖြင့် လွမ်းသူ့ပန်းခွေများကိုချခဲ့သည်။
ထို့ အပြင် MCL ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံသုံး ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားစက်ရုံတည်ဆောက်နေမှုကို ကန့်ကွက်ကြောင်း လက်မှတ်များလည်းကောက်ခံခဲ့သည်။



