မစ္စတာကိုဖီအာနန် သြဂုတ်လ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ လာမည်

မစ္စတာကိုဖီအာနန် သြဂုတ်လ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ လာမည်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အကြံပြုချက် အစီရင်ခံတင်သွင်းချိန်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ မစ္စတာကိုဖီအာနန် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကေ်ာမရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"မစ္စတာကိုဖီအာနန်လာဖို့ရှိပါတယ်။ သြဂုတ်လ နောက်ဆုံးပတ်မှာပါ " ဟု ဟာဂျီဦးအေးလွင်က ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး အကြံပြုချက်အစီရင်ခံစာကို   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည် ထံမှတဆင့် အစိုးရအဖွဲ့ထံ တင်သွင်းရမည်ဖြစ်ကာ ကော်မရှင်၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။

ကော်မရှင်၏ အပြီးသတ်အကြံပြုချက် အစီရင်ခံစာကို ယခုလ သြဂုတ်လ မကုန်မီ တင်သွင်းရန် အဆင့်သင့်ဖြစ်နေပြီဟု ဟာဂျီဦးအေးလွင်က ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အကြံပြုအစီရင်ခံစာကို ဖေဖော်ဝါရီလအတွင်းက အစိုးရထံတင်ပြထားပြီး ယင်းအကြံပြုချက်များတွင် လူသားချင်း စာနာထောက်ထားသော အကူအညီများနှင့် သတင်းမီဒီယာများကို ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများကို လွတ်လပ်စွာ ၀င်ခွင့်ပေးရေး၊ လုံခြံုရေးတပ်ဖွဲ့ဝင်များကို သင်တန်းပေးရေး ၊ လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူရေး စသည့် အကြံပြုချက်များ ပါ၀င်ခဲ့သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...