မောင်တောအပြင် ရသေ့တောင်မြို့နယ်တွင်လည်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်

မောင်တောအပြင် ရသေ့တောင်မြို့နယ်တွင်လည်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်
by -
မဇ္ဈိမ
 မောင်တောတွင် လုံခြံုရေးယူထားသော နယ်ခြားစောင့် တပ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-EPA
မောင်တောတွင် လုံခြံုရေးယူထားသော နယ်ခြားစောင့် တပ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-EPA
ရခိုင်ပြည်နယ်၊ မောင်တောဒေသအပြင် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာအချို့တွင် လုံခြံုရေးလိုအပ်ချက်အရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

သြဂုတ်လ ၄ ရက်နေ့က အောက်နန်းရာကျေးရွာတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များကို ရွာသားများက တိုက်ခိုက်သည့် နောက်ပိုင်း ဒေသတွင်း မငြိမ်မသက်မှုများ ရှိလာတဲ့အတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ် စု ၁၁ ခုကို သြဂုတ်လ ၁၁ ရက်နေ့မှစပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ်များစတင်ဖြစ်ပွားခဲ့သည့် မောင်တောတွင်လည်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို နှစ်လထပ်မံ တိုးမြှင့်လိုက်ကြောင်း သြဂုတ်လ ၉ရက်တွင်   ပြည်နယ်အစိုးရက   ကြေညာထားသည်။

ရသေ့တောင်မြို့နယ်အတွင်း သြဂုတ်လ ၅ ရက်နေ့က သံသယရှိသူအချို့အား ဝင်ရောက်ဖမ်းဆီးရာတွင် ဒေသခံ ၆၀၀ ခန့်က အာဏာပိုင်များတိုက်ခိုက်မှု ကြံုတွေ့ခဲ့ရသည်။

“ ရသေ့တောင်မြို့နယ်မှာမဟုတ်ပါဘူးခင်ဗျ။ စေတီပြင်တစ်ဝိုက်ပေါ့ ပြသာနာဖြစ်ခဲ့တဲ့နေရာမှာ လုပ်တာပါ။ အဲ့ဒီ့နားက ကျေးရွာပတ်ပတ်လယ်ဆိုတော့ အတိအကျတော့ မသိဘူး အဲ့နားမှာဆိုရင်တော့ ၃၊ ၄ ရွာလောက်တော့ရှိမယ် “ ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ လိုအပ်သည့်ဒေသများတွင် ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစိုးရက သြဂုတ်လ ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့်ကို၂၀၁၂ ခုနှစ် ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစတင်ကာ လုံခြုံရေးအခြေအနေများအရ လိုအပ်သလို တိုးလျော့သတ်မှတ်ပေးနေသည်မှာ ၅ နှစ်တာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သြဂုတ်လ ၁၀ ရက်မှ စတင်ကာ လုံခြုံရေးရဲတပ်ဖွဲ့အင်အားကိုလည်း တိုးမြှင့်ထားပြီး လုံခြုံရေး၊ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...