နမ္မတီးလမ်းဂွရွာသို့ ၃ ရက်အတွင်း စစ်ဘေးရှောင် ၁ ထောင်ကျော်ထိ ရှိလာ

နမ္မတီးလမ်းဂွရွာသို့ ၃ ရက်အတွင်း စစ်ဘေးရှောင် ၁ ထောင်ကျော်ထိ ရှိလာ
by -
မဇ္ဈိမ
မိုးကောင်းမြို့နယ် ကဆုန်းရွာတွင် တပ်မတော်နှင့် KIA တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့်  ၃ ရက်အတွင်း နမ္မတီးလမ်းဂွရွာရှိ ဘုရားကျောင်း ၂ ကျောင်းသို့ လာရောက်သည့် စစ်ဘေးရှောင်များမှာ သြဂုတ် ၁၂ ရက်နေ့ နေ့လည်အထိ ၁ ထောင်ကျော်ခန့်ရှိ လာပြီဖြစ်ကြောင်း ဘုရားကျောင်းအနီးနေထိုင်သည့် ဒေသခံ ဒေါ်ရွယ်ဂျားက ပြောသည်။

“ ကဆုန်းရွာ အဲ့မှာအိမ်ခြေတော်တော်များတယ်ထင်တယ်ကြည့်ရတာ။ လူဦးရေတော့ ၁ ထောင်ကျော်နေပြီ။ မထွက်လာနိုင်သေးတဲ့သူတွေရှိသေးတယ်။ သူတို့က ရွာလယ်ကောင်မှာဖြစ်တာဆိုတော့ ရွာကနှစ်ခြမ်း ဖြစ်သွားတာပေါ့။ တစ်ခြမ်းကသူကတော့ လွတ်တာပေါ့။ တစ်ခြမ်းကလူတွေကတော့ မလွတ်ဘူး။ အဲ့လိုဖြစ်သွားတာလေ မနေ့က “ ဟု ၄င်းကပြောသည်။

သြဂုတ်လ ၁၀ ရက်က ကဆုန်းရွာအလယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၁ ရက်တွင် လူမှုရေးအဖွဲ့များက အဆိုပါရွာတွင် ပိတ်မိနေသူများကို သွားရောက် ကယ်ထုတ်ရခြင်းလည်းဖြစ် ဖြစ်ကြောင်း ဒေါ်ရွယ်ဂျား ကပြောသည်။

ကဆုန်းရွာမှ စစ်ဘေးရှောင် ၁ ထောင်ခန့်ကို မိုးကောင်းမြို့နယ် နမ္မတီးလမ်းဂွရွာရှိ ကက်သလစ် ဘုရားကျောင်း နှင့် နှစ်ချင်းဘုရားကျောင်းနှစ်ခုတွင် နေရာချထားပေးခြင်းဖြစ်သည်။

“ တစ်အိမ်ကို ထမင်း နှစ်ထုပ်၊ သုံးထုပ် အဲ့လိုမျိုးကျွေးနေကြတယ် "ဟု ဘုရားကျောင်းအနီးနေထိုင်သည့် ဒေသခံ ဒေါ်ရွယ်ဂျားကပြောသည်။

သို့သော် ရွာမှထွက်ခွာလာနိုင်ခြင်းမရှိသေးသောကြောင့် ဘုရားကျောင်းသို့ စစ်ဘေးလာရှောင်နိုင်ခြင်း မရှိသူများလည်း ရှိနေသေးကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် ရုတ်တရတ်ထွက်ပြေးလာရသောကြောင့် လတ်တလောတွင် အစားအစာ၊ အဝတ်အထည်ကဲ့သို့ အခြေခံပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...