တိုင်းရင်းသားများ လွတ်လပ်စွာနေထိုင်စားသောက်ခွင့် ရရှိရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ANP တောင်းဆို

တိုင်းရင်းသားများ လွတ်လပ်စွာနေထိုင်စားသောက်ခွင့် ရရှိရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ANP တောင်းဆို
လက်ရှိအခြေအနေတွင် အကြမ်းဖက်မှုအန္တရာယ်များ ကျရောက်နေသည့် ရခိုင်မြောက်ပိုင်းဒေသများမှ ဒေသခံတိုင်းရင်းသားတို့သည် မိမိတို့၏နိုင်ငံ ဖြစ်သည့်အားလျော်စွာ ၎င်းတို့၏ ဒေသများတွင် လွတ်လပ်စွာ နေထိုင်လုပ်ကိုင် စားသောက်နေနိုင်ရန် ရခိုင်အမျိုးသားပါတီ ANP မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တောင်းဆိုလိုက်ကြောင်း သိရသည်။ အဆိုပါတောင်းဆိုမှုမှာ သြဂုတ်လ ၉ ရက်နေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ အပါအဝင် ပါတီဝင်အကြီးအကဲများ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌တွေ့ဆုံစဉ် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ရခိုင်တိုင်းရင်းသားတွေက လွတ်လွတ်လပ်လပ် သွားလာလို့မရဘူး။ ကိုယ့်ရွာအပြင်ဖက်တောင် ထွက်လို့မရဘူး။ ထွက်တာနဲ့ ဘင်္ဂလီတွေက စားကျက်ကို ချောင်းနေကြတယ်။ လုံခြံုရေး ရှိရင်တောင် စီးပွားရှာလို့မရဘူး။ လုံခြံုတဲ့ နေရာဖြစ်ဖို့ လိုတယ်။ ကိုလိုနီခေတ်လိုပဲ ကိုယ့်အစုအဝေးတစ်ခုမှာ လုံလုံခြံုခြံုနေထိုင်လို့ ရတယ်။ ဝမ်းစာရှာလို့ရတယ်။ အဲဒီလိုသတ်မှတ်ထားမှု ရှိဖို့လိုအပ်တယ်။” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။ မောင်တောခရိုင် မေယုဒေတို့မှ ရခိုင်တိုင်းရင်းသားများ စိုးရိမ်ထိတ်လန့်နေကြသည့် ဖြစ်စဉ်များအား တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သို့ တင်ပြရာတွင်လည်း နယ်စပ်ဒေသသည် ကန့်သတ်နယ်မြေ ဖြစ်သောကြောင့် အရာအားလုံးကို ခြံုငုံ၍ ပြဌာန်းဥပဒေနှင့် ကိုက်ညီသည့် ရခိုင်ဒေသလုံခြံုရေး၊ ဒေသတည်ငြိမ်ရေးနှင့် ဆက်စပ်ကာ လုပ်ဆောင်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုသည်။ အကြမ်းဖက်သမားများအား ရှာဖွေဖော်ထုတ်ပြီး အကြမ်းဖက်ဥပဒေနှင့် အရေးယူရန်၊ ဒေသလုံခြံုမှုမရှိ၍ နေရပ်စွန့်ခွာ ကြရသည့် တိုင်းရင်းသားများအား အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးရန် လွှတ်တော်တွင် တင်သွင်းခဲ့ရာ ကန့်ကွက် ခြင်းမရှိဘဲ ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ ယခုလ ဆန်းပိုင်း မောင်တောတွင် အပြစ်မဲ့ပြည်သူ ရခိုင်မျိုးနွယ်စုဝင် မြိုလူမျိုးများ အသတ်ခံရမှုများနှင့် ရသေ့တောင်တွင် အာ ဏာပိုင်တို့မှ တရားခံများအား ဝင်ရောက်ဖမ်းဆီးရာ အောက်နန်းရာကျေးရွာသား မူဆလင် ၆၀၀ ခန့်က ဝိုင်းဝန်းတိုက် ခိုက်မှုများ ရှိခဲ့သည်။ သို့ရာတွင် သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က ရခိုင်ပြည်နယ်၏ အကြမ်းဖက်မှုများအား လျှော့ချရန် အတွက် ရခိုင်ပြည်နယ်သို့ တပ်မတော်အင်အား အလုံးအရင်း ဖြည့်တင်းလိုက်သည်ဟု သိရသည်။ အကြမ်းဖက်မှုဖြစ်စဉ်များအား မကြာခဏ ခံစားနေကြရသည့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသ သုံးခုတို့ပူးပေါင်းကာ ယခုသြဂုတ်လတတိယအပတ်တွင် ရခိုင်တစ်ပြည်နယ်လုံးရှိ မီဒီယာသမားများနှင့် တွေ့ဆုံကာ မေယုဒေသ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...