အစိုးရနှင့် UNFC ဆွေးနွေးပွဲ အချက်(၈) ချက်အနက် (၄) ချက် သဘောတူညီမှုရခဲ့

အစိုးရနှင့် UNFC ဆွေးနွေးပွဲ အချက်(၈) ချက်အနက် (၄) ချက် သဘောတူညီမှုရခဲ့
by -
ဇေယျာမော်
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့တို့အကြား ဆွေးနွေးရန်ကျန်ရှိနေသည့် အချက်(၈)ချက်အနက် (၄) ချက်ကို သဘောတူညီမှု ယနေ့ (သြဂုတ် ၁၁) ရရှိခဲ့သည်။ "DPN ဘက်က အဆိုပြုထားတဲ့ အချက် ၈ ချက်ရှိတယ်၊ အဲ့ဒီမှာ နံပါတ် ၁ ကနေ ၄ အထိ ကျွန်တော်တို့နှစ်ဦးနှစ်ဖက် သဘောတူနိုင်တဲ့ အနေအထားမျိုးရပါတယ်။ အချက် ငါးကနေ ရှစ် ကို ဆွေးနွေးတယ်။ ဒီဆွေးနွေးချက်အပေါ်မှာ မဆုံးဖြတ်သေးဘူး။ နှစ်ဘက်ခေါင်းဆောင်တွေတင်ပြပြီး နောက်တစ်ကြိမ် ဆွေးနွေးပွဲမှာ အတည်ပြုမှာပါ" ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေးက ဆိုသည်။ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးကော်မရှင် နှင့် နိုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ် DPN အဖွဲ့တို့၏ ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့တို့အကြား နောက်တစ်ကြိမ်ဆွေးနွေးပွဲကို လာမည့် စက်တင်ဘာ ပထမပတ် နှင့် ဒုတိယပတ်တွင် ပြုလုပ်ရန် လျာထားသော်လည်း အသေးစိတ်အချိန်ကို ပြန်လည်ညှိနှိုင်းရဦးမည် ဟု ဦးဇော်ဌေး က ဆက်လက်ပြောဆိုသည်။ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN) အနေဖြင့် အစိုးရကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည်ရေးဆွဲရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ (JMC) ကိစ္စများအပါအဝင် အချက် ၈ ချက်ကို တောင်းဆိုထားပြီး အဆင်ပြေပါက အချက် နံပါတ် ၉ အဖြစ် NCA လက်မှတ်ရေးထိုးမည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။ "ကျန်ရှိနေတဲ့အချက်တွေက ငါး ၊ ခြောက် ၊ ခွန် ၊ ရှစ် ဆိုပေမယ့် အဓိက ပြောရရင် နိုင်ငံရေးပိုင်းဆိုင်ရာမှာ ဆိုရင် မူဘောင်သုံးသပ်မှုအပိုင်း တပ်ပိုင်းဆိုင်ရာမှာဆိုရင် JMC (ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့) ယန္တရား ကို ပိုမိုခိုင်မာအောင်လုပ်တဲ့အပိုင်းရှိတယ်။ အဲ့မှာ နိုင်ငံတကာပါ၀င်မှုနဲ့ပတ်သက်လို့ နှစ်ဖက်ညှိနှိုင်းမှုမှာ ထပ်ပြီးတော့ ဆွေးနွေးစရာတွေကျန်ပါသေးတယ်" ဟု နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ဆိုသည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ပြီးခဲ့သည့် ရက်ပိုင်း သြဂုတ်လ ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရန်ကုန်မြို့၌ တရားဝင်တွေ့ဆုံခဲ့့ခြင်းဖြစ်သည်။
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...