နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်ရေးဆွဲရန် အပါအဝင် အချက် ၂ချက် ပြေလည်ပါက UNFC က NCA ထိုးဖွယ်ရှိနေ

နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်ရေးဆွဲရန် အပါအဝင် အချက် ၂ချက် ပြေလည်ပါက UNFC က NCA ထိုးဖွယ်ရှိနေ
by -
မဇ္ဈိမ
နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်ရေးဆွဲရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ (JMC) ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်ဆိုသည့် အချက်နှစ်ချက် ညှိနှိုင်းပြေလည်ပါက UNFC အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးနိုင်ဖွယ် ရှိနေသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့တို့အကြား အဆိုပါ အချက် နှစ်ချက်ကို ညှိနှိုင်းရန် ကျန်ရှိနေခြင်းလည်းဖြစ်သည်။

"အချက် ၈ ချက်ကို ဆွေးနွေးနေသလိုဖြစ်တော့ ဒီ၈ ချက်ထဲမှာ ၂ ချက်လောက်ကတော့ ညှိနှိုင်းဖို့ပဲ ကျန်တယ်လို့ နှစ်ဖက်စလုံးက မှတ်ယူတယ်။ ဒီနှစ်ချက်ကိုလည်း ဒီမှာ သဘောတူနိုင်မယ့် အနေအထားမျိုးကိုလည်း မျှော်လင့်တာပေါ့လေ" ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဆိုသည်။

သြဂုတ်လ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးကော်မရှင် နှင့် နှင့် နိုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ် DPN အဖွဲ့တို့၏ ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးရာ၌ အဆိုပါ အချက် နှစ်ချက်ကို ဆွေးနွေးမည်ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ပြီးခဲ့သည့် ရက်ပိုင်း သြဂုတ်လ ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရန်ကုန်မြို့၌ တရားဝင်တွေ့ဆုံရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲ၌ အပြုသဘောဆောင်ရွက်ချက်များ ရှိခဲ့သည်ဟု နှစ်ဘက်ခေါင်းဆောင်များ ပြောဆိုခဲ့ခြင်းများ ရှိနေခဲ့သောကြောင့် ယခုတစ်ခေါက်တရားဝင် တွေ့ဆုံပွဲတွင် ကောင်းမွန်တဲ့ ရလာဒ်တွေ ထွက်ပေါ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ထားသည်။

"ကျွန်တော်တို့အနေနဲ့ မျှော်လင့်တာက အောက်တိုဘာ ၁၅ မှာ NCA ဒုတိယနှစ်ပတ်လည်နေ့ ရှိတယ်၊ ပြီးရင် ဒီဇင်ဘာလဆန်း မတိုင်မီမှာ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးရှိတယ်။ ဒါတွေအားလုံးအမှီ သူတို့လက်မှတ်ရေးထိုးဖို့ မျှော်လင့်တာပေါ့" ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဆိုသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...