NCA လက်မှတ်ထိုးပြီး ချီတက်သည့်နေရာတွင် အားနည်းချက်တွေရှိနေဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးပြော

NCA လက်မှတ်ထိုးပြီး ချီတက်သည့်နေရာတွင် အားနည်းချက်တွေရှိနေဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးပြော
by -
မဇ္ဈိမ
တိုင်းရင်းသားလက်နက်ကိုင်တွေအနေဖြင့် NCA လက်မှတ်ထိုးပြီးတော့ ချီတက်တဲ့နေရာမှာ အားနည်းချက်တွေရှိနေကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုုလ်ချုပ် မူတူးစေးဖုုိးက ပြောဆိုသည်။

ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ Amora ဟုုိတယ်တွင် သြဂုုတ်လ ၉ ရက်က ပြုလုပ်နေသည့်  ငြိမ်းချမ်းရေးလုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
 
“ကျနော်တို့ NCA ကို ကျနော်တို့ လက်မှတ်ထိုးပြီး ချီတက်တဲ့နေရာမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ရှေ့ကိုလှမ်းနိုင်ဖို့ ဒီအားနည်းချက်တွေကို လွန်ခဲ့တဲ့အပတ် လေးဝါးမှာ ရီဗျူး ပြန်လည်ပီးတော့ သုံးသပ်တဲ့အခါ အားနည်းချက်တွေ အားသာချက်တွေ ရခဲ့တယ်။ ခု အစည်းအဝေးမှာ ပြန်စုစည်းပြီး ရှေ့ကို ညီညီညွတ်ညွတ်နဲ့ စုစုစည်းစည်း ကျနော်တို့ ၈ ဖွဲ့သွားနိုင်ဖို့အတွက် ဖြစ်ပါတယ်" ဟု ဗိုုလ်ချုပ် မူတူးစေးဖုုိးက ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးက အဆုံးသတ် ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ဆက်လက်တိုက်ပွဲဝင်ကြရဦး မည်ဖြစ်ကြောင်းလည်းလည်းကပြောဆိုသည်။

ငြိမ်းချမ်းရေးလုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့မှ NCA ထိုးပြီးနောက် လုပ်ဆောင်ချက်များ၏ အားသာချက် အားနည်းချက်များကို ပြန်လည်ဆွေးနွေးရန် ဖွဲ့စည်းထားသည့်အဖွဲ့လည်းဖြစ်သည်။

အပစ်ရပ်လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင်များသည် ပြီးခဲ့သည့်တစ်ပတ်လောက်က လေးဝါးတွင် NCA ထိုးပြီး နောက်လုပ်ဆောင်ချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေး နွေးခဲ့ကြသေးသည်။

ငြိမ်းချမ်းရေးလုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက အစိုးရနှင့် NCA လက်မှတ်ထိုးခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ)-(KNU-PC) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...