မောင်တောအကြမ်းဖက်တိုက်ခိုက်မှုများ နှင့် မူးယစ်ဆေးဝါးပြဿနာများ ပတ်သက်မှုများရှိနေနိုင်

မောင်တောအကြမ်းဖက်တိုက်ခိုက်မှုများ နှင့် မူးယစ်ဆေးဝါးပြဿနာများ ပတ်သက်မှုများရှိနေနိုင်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုများသည် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမှုများနှင့် ပတ်သက်ဆက်နွယ်မှု ရှိနေနိုင်သည်ဟု မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် "မောင်တောဒေသ၌ ၂၀၁၆ ခုနှစ်မှစ၍ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပမာဏများပြားလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု လမ်းကြောင်းဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်" ဟု ထည့်သွင်းရေးသားထားသည်။

ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံရဲချုပ်ဟောင်းဖြစ်သူ ဦးဇော်ဝင်းက အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် မူးယစ်ဆေးဝါးပြဿနာများ ဆက်စပ်နိုင်ချေရှိသည်ဟု သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ရိပ်သာတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ဝန်ခံခဲ့သည်။

"အကြမ်းဖက်မှုကို မသင်္ကာလို့ ဖမ်းဆီးထားတဲ့သူတွေထဲမှာ ကျွန်တော်တို့ရဲ့မှတ်တမ်းတွေအရ မူးယစ်ဆေးဝါးလုပ်တဲ့ ကျော်ဇောတဲ့ သူတွေပါပါတယ်၊ အဲ့ဒါကြောင့် ဆက်စပ်မှုရှိနေတယ် ဆိုတဲ့ သံသယတွေရှိနေတယ်လို့ သုံးသပ်ပါတယ်" ဟု ရဲချုပ်ဟောင်း ဦးဇော်ဝင်းက ဆိုသည်။

ရခိုင်ပြည်နယ်မောင်တော၌ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေးကိစ္စရပ်များတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များလည်း ပါ၀င် ပတ်သက်မှုများ ရှိနေပြီး အရေးယူဆောင်ရွက်မှုများလည်း ရှိခဲ့သည်ဟု ရဲချုပ်ဟောင်း ဦးဇော်ဝင်းက ၀န်ခံပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောဒေသသည် မူးယစ်ဆေးဝါးလမ်းကြောင်းတစ်ခုဖြစ်နေခြင်းကို ငြင်းဆန်ခြင်းမပြုသော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မူးယစ်ဆေးဝါးပြဿနာ ဆက်စပ်နိုင်ချေ ရှိမရှိကို ယတိပြတ်ပြောဆိုရန် ခက်ခဲသည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က မှတ်ချက်ပြုပြောဆိုသည်။

 "ဒီ မူးယစ်ဆေးဝါး ပြဿနာဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုမရှိဘူးလို့ပြောဖို့ခက်တယ်။ အဖွဲ့အစည်း တိုင်းမှာ ငွေကြေးဆိုတာ လိုအပ်တယ်၊ အဲ့ဒီငွေကြေးကိုဘယ်လိုရှာမှာလဲ" ဟု ဒေါက်တာအေးမောင်က ဆိုသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက  မောင်တောရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်(ကျီးကန်းပြင်) ၊ ငါးခူရနယ်မြေရဲစခန်းနှင့် ရဲကင်းများ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ မဖြစ်ပွားမီ မောင်တောဒေသ၌ စိတ်ကြွရူးသွပ်ဆေးပြားများ အမြောက်အများဖမ်းဆီးရမိမှုများရှိနေခဲ့သည်။

ယင်းသို့ ဖမ်းဆီးမှုများကြောင့် စီးပွားရေးအရ နစ်နာဆုံးရှုံးသူများ၏ ပယောဂများနှင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ပတ်သက်နိုင်ဖွယ်ရှိနေသည်ဟု မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထား သည်။

ယခုနှစ်၂ဝ၁၇ ခုနှစ် ပထမခြောက်လတာ ကာလအတွင်း၌လည်း မောင်တောခရိုင်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၁၃ မှုနှင့် စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် ၅၂ သိန်းကျော်  သိမ်းဆည်းရမိခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...