၂၀၀၈ ဖွဲ့စည်းပုံ မပြင်နိုင်သေးခြင်းက ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို အဟန့်အတားဖြစ်စေဟု မွန်ပြည်သစ်ပါတီပြော

၂၀၀၈ ဖွဲ့စည်းပုံ မပြင်နိုင်သေးခြင်းက ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို အဟန့်အတားဖြစ်စေဟု မွန်ပြည်သစ်ပါတီပြော
by -
ဖနိဒါ
(ဓာတ်ပုံ-မွန်ပြည်သစ်ပါတီဖေ့စ်ဘုတ်)
(ဓာတ်ပုံ-မွန်ပြည်သစ်ပါတီဖေ့စ်ဘုတ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် အာဏာရပြီး တစ်နှစ်ကျော်ကြာသည်ထိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ခြင်းများ ရေငုံနုှုတ်ပိတ်နေခြင်းသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ပြေလည်အောင် မညှိနှိုင်းနိုင်ခြင်းတို့သည် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးကို အဟန့်အတား ဖြစ်စေသည်ဟု မွန်ပြည်သစ်ပါတီ (NMPS)က ပြောဆိုလိုက်သည်။ သြဂုတ်လ ရ ရက်နေ့တွင် ကျရောက်မည့် ရ၀ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သည့် သဘောထားကြေငြာချက်တွင် ယင်းသို့ ပြောဆိုထားခြင်းဖြစ်သည်။ အစိုးရသည် အာဏာရပြီး တစ်နှစ်ကြာသည့်တိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးကိစ္စကို ရေငုံနှုတ်ပိတ်ထားရုံမက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ပြေလည်အောင် မညှိနှိုင်းနိုင်ခြင်းသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို အဟန့်အတား အနှောက်အယှက် ဖြစ်စေပေလိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ “အန်အယ်လ်ဒီ အစိုးရက ရွေးကောက်ပွဲဝင်ဖို့ နိုးဆော်နေတဲ့ကာလ၊ မဲစည်းရုံးနေတဲ့ကာလတုန်းက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုပြီးမှ ကြွေးကြော်လာတာလေ။ အခုအာဏာရလာတာ တစ်နှစ်ကျော်လာပြီးလေ။ အခုထိအဲဒါတွေ ဘာမှမလုပ်နိုင်သေးဘူး။ လုပ်ဖို့လည်း အာရုံသိပ်မရှိသလိုပဲ။ ”ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ဝေဖန်လိုက်သည်။ ထို့ပြင် အစိုးရနှင့် တပ်မတော်ကို ဝေဖန်တင်ပြသော သတင်းမီဒီယာများအား တရားစွဲဆိုထောင်ချခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ကိစ္စ လူထုဆန္ဒပြမှု၊ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံဆန့်ကျင်ဆန္ဒပြမှု ကိစ္စများကို အလေးမထားခြင်း၊ မြောက်ပိုင်းဒေသ စစ်ပွဲများ မရပ်တန့်နိုင်သေးခြင်း အပါအဝင် ဒုတိယအကြိမ် ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး မပါဝင်ဝင်နိုင်သည်ကို မျက်ကွယ်ပြုလျက်၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ ကို အတည်ပြုခဲ့ခြင်းတို့သည်လည်း အဟန့်အတား ဖြစ်စေသည်ဟု ရေးသားထားသည်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းပုံစံသည် NCA လက်မှတ်ရေးထိုးပြီးမှ နိုင်ငံရေးဆွေးနွေးခွင့်ရမည်ဖြစ်ရာ မွန်ပြည်သစ်ပါတီအနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်အတူ NCA လမ်းကြောင်းအတိုင်း ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုမူဘောင် အခိုင်အမာဖြစ်ပေါ်လာစေရန် အစိုးရနှင့် UNFC တို့ အချိန်ကာလ တခုအတွင်း နည်းလမ်းရှာ ဆွေးနွေးညှိနှိုင်းရဦးမည် ဖြစ်ကြောင်း ရေးသားထားသည်။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများအတွက် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆို၍ မရခဲ့သဖြင့် ဘာအံမြို့နယ် ဇာသပြင်ကျေးရွာ ကာကွယ်ရေး စခန်းနှင့် အနီးပတ်ဝန်းကျင်စခန်းများကို စီးနင်းသိမ်းပိုက်၍ မွန်တော်လှန်ရေးကို အစပြုခဲ့သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်က မွန်ပြည်သစ်ပါတီသည် ယခင်အစိုးရနှင့် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲရေးသေဘာတူညီချက် လက်မှတ်ရေးထိုးခဲ့သလို ယခုချိန်တွင်လည်း အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့်အတူ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသည်။ NCA လက်မှတ်ရေးထိုးနိုင်ရန် လာမည့် သြဂုတ်လ ၁၀ ရက်၊ ၁၁ ရက်များတွင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကို်ယ်စားလှယ်အဖွဲ့ (DPN)တို့ ရန်ကုန်မြို့တွင် တရားဝင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...