မောင်တော၌ လူမျိုးတုန်းသတ်ဖြတ်မှုလုံးဝမရှိဟု စုံစမ်းစစ်ဆေးရေးကော်မရှင် တုံ့ပြန်

မောင်တော၌ လူမျိုးတုန်းသတ်ဖြတ်မှုလုံးဝမရှိဟု စုံစမ်းစစ်ဆေးရေးကော်မရှင် တုံ့ပြန်
by -
ဇေယျာမော်
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ၌ လူမျိုးတုန်းသတ်ဖြတ်မှုများ လုံးဝမရှိကြောင်း နှင့် လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုဖြစ်နိုင်ချေလည်း လုံးဝမရှိဟု မောင်တောစုံစမ်းစစ်ဆေးရေးကော်မရှင်က တုံ့ပြန်ပြောဆိုလိုက်သည်။ သြဂုတ်လ ၆ ရက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ရိပ်သာ၌ပြုလုပ်သည့် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဌဖြစ်သူ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောဆိုလိုက်ခြင်းဖြစ်သည်။ "ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက သုံးသပ်တဲ့ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှု ဖြစ်နိုင်ချေ လုံးဝမရှိပါကြောင်းနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဟု ယူဆနိုင်သည့် အနေအထားလည်း လုံးဝမရှိပါကြောင်း ပြောကြားလိုပါတယ်" ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောဆိုခဲ့သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR) မှ ၂၀၁၇ ဖေဖော်ဝါရီလ ၃ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဘင်္ဂါလီ(ရိုဟင်ဂျာ) များကို လူမျိုးတုန်းသတ်ဖြတ်မှုများရှိနိုင်ကြောင်း ယူဆဖွယ်ရာအချက်များ မြင်တွေ့ရသည်ဟု ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်သည့် မောင်တောစုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် မောင်တောရှိ ကျေးရွာများကို ကွင်းဆင်းစစ်ဆေးခဲ့သော်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) မှ ဖော်ပြသည့် အချက်အလက်များနှင့် ကိုက်ညီခြင်းမရှှိဟု သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ မောင်တောစုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူးဖြစ်သူ ဦးဇော်မြင့်ဖေက "ကော်မရှင်အနေနဲ့ မောင်တောဒေသမှာ ဒီလိုအကြမ်းဖက်မှုမျိုးတွေ ထပ်မံမပေါ်ပေါက်အောင် ဘယ်လိုအဖြေရှာပြီးတော့ ကုစားမလဲဆိုတဲ့ အရှေ့ကိုမျှော်ပြီးတော့ လေ့လာဆောင်ရွက်ခဲ့တာဖြစ်ပါတယ်" ဟု ဆိုသည်။ သို့သော်လည်း နေအိမ်များမီးရှို့ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း လုယက်ခိုးယူခံရခြင်းများ ရှိနေသည်ဆိုသည့် ပြောဆိုချက်များကို ကော်မရှင်အနေဖြင့် လုံးဝ ငြင်းဆန်ခြင်းမပြုဘဲ ဆက်လက်စုံစမ်းစစ်ဆေးရန် လွတ်လပ်စွာ အမှုဖွင့်တိုင်ကြားနိုင်သည်ဟုသာ ပြောဆိုခဲ့သည်။ ယင်းအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကို ပြည်ပနိုင်ငံများမှ ကူညီထောက်ပံ့ပေးနေသည်ဟု ဆိုသည့် အချက်ကို ကော်မရှင်က ထုတ်ဖော်ပြောဆိုခဲ့သလို မူးယစ်ဆေးဝါး ပြဿနာများဖြင့်လည်း ဆက်နွယ်နေနိုင်သည်ဟု ဝန်ခံထားသည်။
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...