ရာသီတုပ်ကွေး လူနာ (၉၉)ဦး ရှိလာပြီး အသက် (၃၅)နှစ်အမျိုးသမီး သေဆုံးဟု ထုတ်ပြန်

ရာသီတုပ်ကွေး လူနာ (၉၉)ဦး ရှိလာပြီး အသက် (၃၅)နှစ်အမျိုးသမီး သေဆုံးဟု ထုတ်ပြန်
by -
မဇ္ဈိမ
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm09) ဖြစ်ပွားမှုမှာ သြဂုတ်လ ၂ ရက်တွင် အတည်ပြုလူနာ၂၃ ဦး ထပ်မံတိုးလာပြီး စုစုပေါင်း ၉၉ ဦး အထိ ရှိလာသည်။
 
ယမန်နေ့က ရ၆ ဦး ဖြစ်ပြီး ယနေ့ ထပ်မံတိုးလာခြင်းဖြစ်ကာ သြဂုတ်လ ၂ ရက်တွင် အသက် ၃၅ နှစ်ရှိ အမျိုးသမီးလူနာ တစ်ဦး ထပ်မံသေဆုံးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
 
အဆိုပါအမျိုးသမီးသေဆုံးကြောင်းအား အသက် ၃၅ နှစ်ရှိ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသဖြင့်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ယနေ့ညပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင် ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူစုစုပေါင်းလူနာ (၂၈၄) ဦးရှိခဲ့ပြီး ယမန်နေ့က ၂၄၅ ဦးဟု ထုတ်ပြန်ထားပြီး တစ်ရက်အတွင်း လူ ၃၀ ကျော် တိုးလာခြင်း ဖြစ်သည်။
 
ယနေ့အထိသေဆုံးသူ (၁၃) ဦးရှိပြီး ဆေးရုံတက် ရောက်သော လူနာစာရင်းအရ အထူးကုဆေးရုံကြီး (ဝေဘာဂီ) တွင်လူနာ (၁၉) ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (၄)ဦးစုစုပေါင်းလူနာ (၂၃) ဦးတက်ရောက်ဆေးကုသမှု ခံယူလျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ထို့ပြင် ယနေ့အထိ လူနာများနှင့် တိုက်ရိုက် ထိတွေ့ရသော ကျန်းမာရေးဝန်ထမ်းများတွင် ရောဂါ ကူးစက်ခံရခြင်းမရှိကြောင်း ထပ်မံဖော်ပြထားသည်။
 
သို့သော် သြဂုတ်လ ၁ ရက်တွင် ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာ၌ ကျန်းမာရေးကြီးကြပ်(၁) ဖြင့် တာဝန်ထမ်းဆောင်နေသူ တစ်ဦး ရာသီတုပ်ကွေး (Seasonal Influenza A(H1N1) ရောဂါဟု သံသယရှိလူနာအဖြစ် ချင်းပြည်နယ်၊ ဟားခါး ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူနေသည်ဟု ဒုတိယပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းပပခိုင်က မဇ္စျိမသို့ ယနေ့အတည်ပြုပြောဆိုထားသည်။
 
အဆိုပါလူနာသည် ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာ၌ ကျန်းမာရေးကြီးကြပ်(၁) ဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး အစည်းအဝေးတက်ရောက်ရန် ထန်တလန်မြို့သို့ လာရောက်စဉ် ဖျားနာနေခြင်းကြောင့် ထန်တလန် ဆေးရုံ၌ ပြသစဉ် H1N1 ရောဂါ သံသယရှိသဖြင့် ဟားခါးဆေးရုံသို့ စစ်ဆေးကုသမှုခံယူရန် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
 
ယနေ့နံနက် ၈  နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဦးဆောင်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား နေပြည်တော်၌ ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ကုသမှုပေးခြင်း ကျန်းမာရေးပညာပေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
 
H1N1 တွေ့ရှိကြောင်း စတင်သတင်းထုတ်ပြန်သည့် ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၂ရက်အထိ ၁၀ ရက်အတွင်း အတည်ပြုလူနာ ၁၀၀ နီးပါး ရှိလာသည်။
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...