ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်အဖွဲ့ ၈ဖွဲ့မှ PPWT တို့ ချင်းမိုင်တွင် တွေ့မည်

ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်အဖွဲ့ ၈ဖွဲ့မှ PPWT တို့ ချင်းမိုင်တွင် တွေ့မည်
by -
ဖနိဒါ/ မဇ္ဈိမ
ငြိမ်းချမ်းရေးကော်မရှင် နှင့် PPWT မတွေ့ဆုံမီ တစ်ရက်အလိုတွင် အပစ်ရပ်လက်မှတ်ထိုးထားသည့် အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့(PPWT) နှင့်   နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN) တို့ သြဂုတ် ၂ရက်က ချင်းမိုင်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဖနိဒါ)
ငြိမ်းချမ်းရေးကော်မရှင် နှင့် PPWT မတွေ့ဆုံမီ တစ်ရက်အလိုတွင် အပစ်ရပ်လက်မှတ်ထိုးထားသည့် အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့(PPWT) နှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN) တို့ သြဂုတ် ၂ရက်က ချင်းမိုင်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဖနိဒါ)
သြဂုတ် ၂ ။ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT)တို့ သြဂုတ်လ ၃ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံမည်ဖြစ်သည်။ ငြိမ်းချမ်းရေးကော်မရှင်မှ ဦးခင်ဇော်ဦး၊ ဦးအောင်ကြည်၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်လင်းဦးတို့ ဆွေးနွေးမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT)ဘက်မှ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။ “နိုင်ငံရေးဆွေးနွေးပွဲကို တစ်နှစ်ကို နှစ်ကြိမ် ကျနော်တို့ ဆွေးနွေးပွဲတွေ လုပ်ဖို့ ရှိတယ်။ နောက်တကြိမ် ဆွေးနွေးပွဲတွေ ဒီဇင်ဘာမှာ လုပ်ဖို့ ပြင်ဆင်နေတော့ PPWT နဲ့ကတော့ သူတို့လည်း လောခီးလာမှာ စဉ်းစားထား တာမျိုးရှိတော့ ကျနော်တို့ ရန်ကုန်မှာ တရားဝင် ဆွေးနွေးပွဲတွေ မလုပ်ခင်မှာ သူတို့ စဉ်းစားထားတာတွေနဲ့ ကျနော်တို့နဲ့ လုပ်ငန်းညှိနှိုင်းဖို့ လာတာပါပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။ အလားတူ ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ကလည်း သြဂုတ်လ ၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော ထပ်မံတွေ့ဆုံမည်ဟု သူက ပြောသည်။ လာမည့် သြဂုတ်လ ၅ ရက်မှ ၁၀ ရက်တွင် ရန်ကုန်မြို့၌ နှစ်ဖက် တရားဝင်တွေ့ဆုံနိုင်ရေးအတွက် အလွတ်သဘော ထပ်မံတွေ့ဆုံခြင်းဖြစ်သည်ဟု သူက ပြောသည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPNတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်ကလည်း အလွတ်သဘောတွေ့ဆုံ၍ DPN ဘက်မှ တင်ပြထားသော အချက် ၈ ချက်အပေါ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...