Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အာမခံရရှိ

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အာမခံရရှိ
by -
မဇ္ဈိမ
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဇူလိုင်လ ၃၁ ရက်၊ညနေ ၄ နာရီက ရုံးထုတ်စစ်ဆေးခဲ့အပြီး ၎င်းတရားရုံးမှ အာမခံပေးခဲ့ကြောင်း ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ပြောသည်။

"ကျွန်တော်တို့ဘက်ကနေပြီး ဦးဆွေဝင်းကို အမှုရင်ဆိုင်နေဆဲကာလမှာ အချုပ်လွှတ်ထုချေမယ့် အာမခံ လျှောက်ထားတယ်။ အာမခံလျှောက်ထားချက်ကို တရားရုံးကလက်ခံတဲ့အတွက် သိန်း ၅၀တန် ခံဝန်ချက်ပေးနိုင်မယ့်သူ နှစ်ဦးရဲ့ ခံဝန်ချက်နဲ့အတူ အာမခံရပါတယ်။"ဟု ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်ကပြောသည်။

ယခုလို အာမခံရရှိခြင်းနှင့် ပတ်သက်၍ ကိုဆွေဝင်းက "ဒီ ၆၆ (ဃ)က အာမခံပေးချင်လည်းရတယ်။ မပေးချင်လည်း မပေးလို့ရတဲ့ အခြေအနေမှာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားပေါ်မူတည်ပြီးတော့ အာမခံပေးတဲ့အတွက် ကြိုဆိုပါတယ်။"ဟုပြောသည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်"အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိပေး" ဆိုသည့် ခေါင်းစဉ်ဖြင့် တင်ခဲ့ခြင်းကို မန္တလေးမြို့ရှိ ကိုကျော်မျိုးရွှေက အမှတ်(၇)နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် မတ်လ ရ ရက်က အဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုကိစ္စနှင့်ပတ်သက်ပြီး Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဇူလိုင်လ ၃၀ ရက်၊ ညနေ ၆ နာရီကျော်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးခဲ့ကာ ယနေ့ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ရုံးချိန်းမှာ လာမည့် သြဂုတ်လ ရ ရက်နေ့ဖြစ်ကြောင်း သိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...