ကရင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ရန်​ကုန်​ဆေးရုံကြီးမှ ဆင်​းပြီ

ကရင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ရန်​ကုန်​ဆေးရုံကြီးမှ ဆင်​းပြီ
by -
မဇ္ဈိမ
ကရင်​ပြည်​နယ်​ဝန်​ကြီးချုပ်​​ဒေါ်နန်​းခင်​​ထွေးမြင်​့သည်​ ရန်​ကုန်​​ဆေးရုံကြီး၌ ကုသမှုခံယူ​နေရာ ယမန်​​နေ့ ဇူလိုင်​၁၈ရက်​​နေ့က ​ဆေးရုံမှဆင်​းသွားပြီဖြစ်​​ကြောင်​း ရန်​ကုန်​​အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီးမှ ​ဆေးရုံအုပ်​​ဒေါက်​တာဦး​အေးကိုက​ိုက အတည်​ပြု​ ပြောကြားလိုက်​သည်​။

"ဆင်​းသွားပြီ မ​နေ့(ဇူလိုင် ၁၈)ကတည်​းက၊ ခွဲစိတ်​ကုသ​အောင်​မြင်​တယ်​ ဆက်​ကြည်​့ဖို့ပဲ"ဟု ရန်​ကုန်​​အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီး၏ ​ဆေးရုံအုပ်​ဒေါက်​တာဦးအေးကိုကိုက ပြောသည်​။

ကရင်​ပြည်​နယ်​ဝန်​ကြီးချုပ်​သည်​ ​ဇူလိုင်​ ၁၄ ရက်​​နေ့ မနက်​ပိုင်​း၌ တောင်​က​လေးဆရာ​တော်​​မွေး​နေ့သို့ သွားရာလမ်​းတွင်​ ၎င်းစီးနင်​းလာ​သည်​့ကားမှာ စက်​ချို့ယွင်​း၍ သစ်​ပင်​ကို ဝင်​တိုက်​မှုဖြစ်​ပွားခဲ့သည်​။

ယင်း ယာဉ်​မ​တော်​တဆမှုဖြစ်​စဉ်​တွင်​ ဘယ်​ဘက်​​ခြေ​ထောက်​မှ အရိုးနှစ်​​ချောင်​းကျိုးသွားခဲ့ပြီး အဆိုပါ​ခြေ​ထောက်​အတွက်​ ဇူလိုင်​ ၁၅ ရက်​မနက်​ ၉နာရီ ၄၅ မိနစ်​တွင်​ ရန်​ကုန်​​ဆေးရုံကြီး၌ ခွဲစိတ်​မှုပြုလုပ်​ခဲ့သည်​။

ကရင်​ပြည်​နယ်​ဝန်​ကြီးချုပ်​သည်​ ခွဲစိတ်​မှုပြုလုပ်​ထားခြင်​း​ကြောင်​့ လမ်​း​လျှောက်​နိုင်​ဦးမည်​မဟုတ်​ဘဲ ဝီးချဲလ်​ဖြင့်သာ သွားလာနိုင်​မည်​ဖြစ်​သည်​ဟု ၎င်းကဆက်​​ပြောသည်​။

ဇူလိုင်​ ၁၄ ရက်​​နေ့တွင်​ ယာဉ်​မ​တော်​တဆှုဖြစ်​ပြီး​နောက်​ ကရင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ကို ဘားအံ​ဆေးရုံသို့ပို့​ဆောင်​ခဲ့သည်​။

ဘားအံ​ဆေးရုံကြီးတွင်​စမ်​းသပ်​စစ်​​ဆေးမှုအရ နှလုံးအ​ခြေအ​နေအား စိတ်​ချနိုင်​​စေရန်​ ဇူလိုင်​လ၁၄ရက်တွင်​ ရန်​ကုန်​​ဆေးရံကြီးသို့ လွှဲ​ပြောင်​း​ကုသခဲ့သည်​။

ရန်​ကုန်​​ဆေးရံကြီးမှ ​ရေးဂါအ​ခြေအ​နေ​ပေါ်မူတည်​ပြီး NlDနာယက သူရဦးတင်​ဦးကဲ့သို့ပင်​ ​ဆေးဝါးကုသ​ရေး​ကော်​မတီဖွဲ့ကုသ​ပေးခဲ့သည်​။

ရန်​ကုန်​​ဆေးရုံကြီး နှလုံးကုသအ​ဆောင်​တွင်​ ဇူလိုင်​ ၁၄ ရက်​ ည​နေမှ ဇူလိုင်​ ၁၈ ရက်​အထိ ၅ရက်​ကြာကုသမှုခံယူခဲ့ပြီး ​ဆေးရုံမှဆင်​းနိုင်​ခဲ့ခြင်​းဖြစ်​သည်​။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...