ABSDF ရဲဘော် မင်းဌေးကို မတရားအသင်းဖြင့် အပြစ်ရှိကြောင်း စွဲချက်တင်

ABSDF ရဲဘော် မင်းဌေးကို မတရားအသင်းဖြင့် အပြစ်ရှိကြောင်း စွဲချက်တင်
by -
မဇ္ဈိမ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ရဲဘော်မင်းဌေးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ဖြင့် အပြစ်ရှိကြောင်း ဇူလိုင်လ ၁၇ ရက်နေ့က စွဲချက်တင်လိုက်သည်။

ABSDF မှ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးကို မိုးမောက်မြို့နယ် တရားရုံးမှ တရားသူကြီး ၁၇/၁ ဖြင့် အပြစ်ရှိလားဟု မေးမြန်းမှုအပေါ်ရဲဘော်မင်းဌေးက အပြစ်မရှိကြောင်း ဝန်ခံခဲ့သော်လည်း စွဲချက်တင်လိုက်ကြောင်း အမိန့်ချလိုက်သည်ဟု ရဲဘော်မင်းဌေး၏ ဇနီးဒေါ်နန်းယဉ်က ပြောသည်။

“သူက မတရားအသင်းနဲ့ ဆက်သွယ်တယ်ပေါ့နော် ဆိုတဲ့အမှုနဲ့ စွဲချက်တင်လိုက်တယ်။ တရားသူကြီးက မေးတယ်။ အဲဒီဟာအပေါ်မှာ အပြစ်ရှိသလား ဝန်ခံသလားပေါ့။ ကိုမင်းဌေးအနေနဲ့ကတော့ သူ အပြစ်မရှိဘူး။ တရားသူကြီးက ဘာကြောင့်မလို့လဲ ပြန်မေးတယ် အဲအခါမှာ ကိုမင်းဌေးက သူအန်စီအေမှာ လက်မှတ်ထိုးလာတဲ့အဖွဲ့ဖြစ်တယ်။ သူကေအိုင်အေအတွက် အလုပ်လုပ်ပေးတာ မရှိဘူးပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။

ABSDF သည် NCA လက်မှတ်ရေးထိုး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရဲဘော်မင်းဌေးအား စွဲချက် မတင်ဘဲ လွတ်ပေးလိမ့်မည်ဟု မျော်လင့်ခဲ့သော်လည်း စွဲချက်တင်လိုက်မှုအပေါ် စိတ်မကောင်း ဖြစ်ရသည်ဟု သူက ပြောသည်။

 “စွဲချက်တင်တဲ့အပေါ်မှာ တော်တော်လေးပဲ စိတ်ထဲမှာ မကောင်းဘူး။ ကိုမင်းဌေးအတွက် တစ်ခုတည်း မဟုတ်ပါဘူး။ စိတ်မကောင်းဖြစ်ရတာက ဒီဖြစ်စဉ်ကြီးဟာ ဒီလိုပဲ ဆက်ပြီးတော့မှ လုပ်နေမလား။ တရားဥပဒေအတိုင်းဆိုရင်တောင်မှ တရားဥပဒေအရ တကယ်ရော မှန်မှန်ကန်ကန်ဆုံးဖြတ်တာရော ဟုတ်ရဲ့လားဆိုတဲ့ သံသယပေါ့နော်။ စိတ်ထဲမှာ တော်တော်မကောင်းဘူး။ ကိုယ့်ဘက်က စဉ်းစားခဲ့တာက ဒီအမှု ဒီမှာ ဖြတ်လိုက်နိုင်ရင်တော့ သူ့ဘက်ကိုယ့်နှစ်ဘက်စလုံး ကောင်းတယ်လို့ မျော်လင့်ခဲ့တဲ့ ဥစ္စာတွေကလည်း အလကားပဲပေါ့နော်”ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ထိ တရားလိုသက်သေ ၁၀ ဦး၏ ထွက်ချက်များအရ စွဲချက်တင်နိုင်ဖွယ် မရှိကြောင်းဟု မျော်လင့်ခဲ့သော်လည်း စွဲချက်တင်လိုက်သည့်အပေါ် တရားဥပဒေအရ ဆုံးဖြတ်ခြင်းလား ဆိုသော သံသယ ဖြစ်ရသည်ဟု သူက ပြောသည်။

ရဲဘော်မင်းဌေးအနေဖြင့် ယနေ့ ရုံးချိန်းတွင် သူလွှတ်မြောက်လိမ့်မည်ဟု မျော်လင့်ချက်ဖြင့် ရုံးချိန်းတက်ရောက်ခဲ့သော်လည်း အပြစ်ရှိကြောင်း စွဲချက်တင်လိုက်ခြင်းကြောင့် ရဲဘော်မင်းဌေးသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားပုံရသဖြင့် ဆေးသောက်နေရသလို၊ ယခင်တပတ်ကလည်း ခြေထောက်ရောင်နေသည်ဟု သူက ပြောသည်။

လာမည့် ဇူလိုင်လ ၂၇ ရက်နေ့ ရုံးချိန်းတွင် ရဲဘော်မင်းဌေးကို စတင်စစ်ဆေးမည် ဖြစ်သည်။

ရဲဘော်မင်းဌေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကချင်ပြည်ယန် ဗန်းမော်-လွယ်ဂျယ်ကားလမ်းရှိ စိန်လုံစုပေါင်းဂိတ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သူ့ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ကို ကူညီသည်ဟုဆိုကာ စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ABSDF သည် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရ ဖွဲ့နှင့်အတူ ယခင် ဦးသိန်းစိန်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...