ရခိုင်ပြည်နယ် ရဲစခန်းများတိုက်ခိုက်မှုဖြစ်စဉ်မှ တရားခံပြေး ၆ ဦးကို ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ရဲစခန်းများတိုက်ခိုက်မှုဖြစ်စဉ်မှ တရားခံပြေး ၆ ဦးကို ဖမ်းဆီးရမိ
ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပါ၀င်ခဲ့သည့် တရားခံပြေး  အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တရားခံပြေး ၆ ဦးသည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ငါးခူရ ရဲစခန်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ပါ၀င်ခဲ့သူများ ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့နယ် ၊ နယ်မြေ ၅ အောက်ပြူးမကျေးရွာ၌ တရားခံပြေးများ ရောက်ရှိနေသည်ဟု သတင်းရရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ ငါးခူရ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် အမှုမှတရားခံပြေး မော်လဝီအီခရစ် ၃၈ နှစ် ပါ အမျိုးသား ၆ ဦးကို  ဖမ်းဆီးရမိသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်အထိ တည်ငြိမ်မှုရရှိရန် အစိုးရက ကြိုးစားနေရဆဲဖြစ်ပြီး လက်ရှိအချိန်ထိ အဆိုပါနယ်မြေများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်အပြီး အစိုးရမှ တည်ငြိမ်မှုရရှိရန် ဆောင်ရွက်မှုများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု နိုင်ငံတကာမီဒီယာအသိုင်းအဝန်းများ ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။

miz1701

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...