ရခိုင်ပြည်နယ် ရဲစခန်းများတိုက်ခိုက်မှုဖြစ်စဉ်မှ တရားခံပြေး ၆ ဦးကို ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ရဲစခန်းများတိုက်ခိုက်မှုဖြစ်စဉ်မှ တရားခံပြေး ၆ ဦးကို ဖမ်းဆီးရမိ
by -
ဇေယျာမော်
 ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ
ဇူလိုင် ၁၆၊ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပါ၀င်ခဲ့သည့် တရားခံပြေး အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တရားခံပြေး ၆ ဦးသည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ငါးခူရ ရဲစခန်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ပါ၀င်ခဲ့သူများ ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မောင်တောမြို့နယ် ၊ နယ်မြေ ၅ အောက်ပြူးမကျေးရွာ၌ တရားခံပြေးများ ရောက်ရှိနေသည်ဟု သတင်းရရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ ငါးခူရ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် အမှုမှတရားခံပြေး မော်လဝီအီခရစ် ၃၈ နှစ် ပါ အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိသည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်အထိ တည်ငြိမ်မှုရရှိရန် အစိုးရက ကြိုးစားနေရဆဲဖြစ်ပြီး လက်ရှိအချိန်ထိ အဆိုပါနယ်မြေများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည်။ အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်အပြီး အစိုးရမှ တည်ငြိမ်မှုရရှိရန် ဆောင်ရွက်မှုများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု နိုင်ငံတကာမီဒီယာအသိုင်းအဝန်းများ ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...