ဖားကန့် လုံးခင်းလုပ်ကွက်အတွင်း ကျောက်ကမ်းပါးပြိုကျ၍ လူငါးဦး ပိတ်မိနေဆဲ

ဖားကန့် လုံးခင်းလုပ်ကွက်အတွင်း ကျောက်ကမ်းပါးပြိုကျ၍ လူငါးဦး ပိတ်မိနေဆဲ
by -
ဇေယျာမော် /မဇ္စျိမ
ကချင်ပြည်နယ် ဖားကန့်၌ ယမန်နေ့က ကျောက်ကမ်းပါးပြိုကျသောကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၅ ဦး မြေစာများနှင့်ပိတ်မိနေပြီး သေဆုံးသည်ဟု ယူဆရကြောင်း ဖားကန့် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဆိုသည်။ "မြေစာဖို့တယ်ပေါ့နော်။ အဲ့လိုမြေစာဖို့တယ်ဆိုရင် ဒီမှာတော့ သေသွားတဲ့အနေအထားပါ။ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဥက္ကဋ္ဌ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒု အုပ်ချုပ်ရေးမှူးက ငါးဦး မြေစာဖို့ခံရတယ်လို့ပြောတယ်" ဟု ဖားကန့် မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောသည်။ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာ ရှိ နယူးရတနာဦး ကုမ္ပဏီ လုပ်ကွက်အတွင်း၌ အမြင့်ပေ ၃၀၀နှင့် အကျယ် ၁၀၀ပေ ပတ်လည်ခန့်ရှိ ကျောက်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၅ဦး ကျင်းအတွင်းရှိ ရေထဲတွင် မြေစာများနှင့်အတူနစ်မြှုပ်နေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ကချင်ပြည်နယ် ဖားကန့်မြို့အတွင်း မြေစာပုံပြိကျမှုများသည် မကြာခဏ ဖြစ်ပွားတတ်ပြီး ၂၀၁၅ ခုုနှစ် နုုိဝင်ဘာလက လူပေါင်း ၁၀၀ ကျော် မြေပြိုရာတွင် သေဆုံုးမှု ဖြစ်ပွားခဲ့သည်။
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...