ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် မှတ်ပုံတင်ရေး ငွေကုန်ကြေးကျများနေ

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် မှတ်ပုံတင်ရေး ငွေကုန်ကြေးကျများနေ
by -
စိုးသူရ
ထိုင်းနိုင်ငံတွင် အထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၅ရက်နေ့တွင် ထုတ်ပြန်ထားသော်လည်း ရွှေ့ပြောင်းလုပ်သားများမှတ်ပုံတင်ပြုလုပ်ရန် အချိန်အခက်အခဲရှိသည့်အပြင် ကုန်ကျစရိတ်များ တက်သွားနိုင်သည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသော ကိုစိုးလင်းအောင် က ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများသည် ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ပြီး တရားဝင်မှတ်ပုံတင်ရရှိရန် လျှောက်ထားရမည်ဖြစ်သည်။ ထိုင်းအစိုးရ၏ထုတ်ပြန်ချက်ထဲတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် မှတ်ပုံတင်လျှောက်ထားချိန် ၁၅ရက် သတ်မှတ်ပေးထားသည်။သြဂုတ်လ ရ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ရရှိရန်လျှောက်ထားရမည်ဖြစ်သည်။

"အစိုးရက ထုတ်ပြန်ထားတာကတော့ CI စာအုပ်လုပ်မယ် ၃၁၀ ဗီဇာထုမယ် ၅၀၀ သွေးစစ်တာက ၁၀၀၀ ဝေ့ါပါမစ်လုပ်တာ၅၀၀ အဲ့ဒီဝင်းကျင်ပဲကုန်မယ်။ဒါပေမဲ့ အဲ့လောက်ကုန်မယ်လို့ အစိုးရကပဲ သတင်းထုတ်ပြန်တာ။တကယ်တမ်းအောက်ချေမှာ ဒီထက်မက ကုန်တယ်။ခုနကပြောသလိုပေ့ါ နယ်မြေဖြတ်ကျော်ခွင့်မရှိဘူး။အလုပ်ရှင်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။အလုပ်ရှင်တွေကပူးပေါင်းပါ၀က်မှုတွေ နယ်မြေဖြတ်ကျော်ခွင့်ကို အလွယ်တကူမရတာပေ့ါနော်။စာရွက်စာတမ်းတွေ အလွယ်တကူမရတာမျိုး အလုပ်ရှင်တွေက ပူးပေါင်းပါ၀င်ဆောင်ရွက်မှုအားနည်းတဲ့အတွက်ကြောင့်မိုလို့ အစိုးရကစျေးနှုန်းထုတ်ပြန်ထားပေမယ့် တကယ်တမ်းမှာတော့ စျေးနှုန်းတွေကြီးမြင့်သွားတယ်ဗျ" ဟု အလုပ်သမားဟစ်တိုင်အဖွဲ့မှ ကိုစိုးလင်းအောင်က ဆိုသည်။

အထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သက်ဆိုင်ရာနယ်မြေ အလုပ်သမားရုံးများတွင် တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ကိုင််ခွင့် ရရှိ ရန်မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးစလုံးသည် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏လက်အောက်ခံရုံးများတွင် သတင်းပေးပို့ လျှောက်ထားရမည်ဖြစ်ပြီး ၁၅ရက်အတွင်းပြီးစီးရန် Center များ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများပြုလုပ်သည့်အချိန်တိုင်းတွင် အခက်အခဲတွေ ရှိနေသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ဦးမိုးကြိုးက ဆိုသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...