ဒေသခံများဘဝ နိမ့်ကျမည်ကိုလက်ခံမည်မဟုတ်ဟု မစ္စယန်ဟီးလီနှင့်တွေ့ဆုံစဉ် ရခိုင်ဝန်ကြီးချုပ်ပြော

ဒေသခံများဘဝ နိမ့်ကျမည်ကိုလက်ခံမည်မဟုတ်ဟု မစ္စယန်ဟီးလီနှင့်တွေ့ဆုံစဉ် ရခိုင်ဝန်ကြီးချုပ်ပြော
by -
စိုးသူအောင်
ဓာတ်ပုံ-ရခိုင်ဝန်ကြီးချုပ်ဦးညီပုဖေ့ဘုတ်
ဓာတ်ပုံ-ရခိုင်ဝန်ကြီးချုပ်ဦးညီပုဖေ့ဘုတ်
ကုလသမဂ္ဂလူ့အခွင်​့အ​ရေး အထူးကိုယ်​စားလှယ်​ မစ္စယန်​ဟီးလီ၏ ရခိုင်​ပြည်​နယ်​ခရီးစဉ်​အတွင်​း​တွေ့ဆုံစဉ် ဒေသခံများဘဝနိမ့်ကျမည်ကိုလက်ခံမည်မဟုတ်ဟု ရခိုင်ဝန်ကြီးချုပ်က ပြောဆိုသည်။

ကျောက်​ဖြူ အထူးစီးပွား​ရေးဇုန်​ လုပ်​​ဆောင်​မည့် ကိစ္စရပ်​များနှင်​့ ​ကျောက်​ဖြူ​ဒေသခံ​တောင်​သူ များနှင်​့​တွေ့ဆုံစဉ်​ ကြားသိခဲ့ရ​သောပြည်​သူလူထု၏ စိုးရိမ်​​စိတ်​အ​ခြေအ​နေများကို ​မစ္စယန်ဟီးလီက တင်ပြရာ ၀န်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြောဆိုချက်ကို ရခိုင်ပြည်နယ်အစိုးရမှ ယနေ့ ဇူလိုင် ၁၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်​နယ်​ဝန်​ကြီးချုပ် ဦးညီပု​က “ ကျောက်​ဖြူ SEZ ကိစ္စရပ်​မှာညှိနှိုင်​း​ဆွေး​နွေးဆဲ အ​ခြေအ​နေဖြစ်​​ပြီး ကျောက်​ဖြူ SEZ ​ကြောင်​့ ​ဒေသခံပြည်​သူများဘဝ နိမ်​့ကျ မည်​ကို လက်​ခံမည်​မဟုတ်​​” ဟု ပြောဆိုသည်။

ထို့အပြင် စီမံကိန်းကြောင့် ဒေသခံများဆုံးရှံုးခံရမှုများရှိခဲ့လျှင်​လည်​း ​အဆင်​​ပြေ​အောင်​ပြန်​လည်​လုပ်​​ဆောင်​​ပေးမည်​ဖြစ်​​ပြီး ဒေသခံများ၏ ​ရေ ရှည်​အကျိုးစီးပွားရှိမှသာ လက်​ခံ​ဆောင်​ရွက်​မှာဖြစ်​​သည်ဟု ပြည်နယ် ၀န်ကြီးချုပ်ကပြောဆိုသည်။

ကုလသမဂ္ဂ လူ့အခွင်​့အ​ရေး အထူးကိုယ်​စားလှယ်​ မစ္စယန်​ဟီးလီ နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးညီပု၊ လုံ/နယ်​ ဝန်​ကြီး၊ ပြည်​နယ်​ဥပ​ဒေချုပ်​၊ ပြည်​နယ်​အစိုးရအဖွဲ့အတွင်​း​ရေးမှူးတို့ ပြည်​နယ်​ဝန်​ကြီးချုပ်​ဧည်​့ခန်​းမ​ဆောင်​တွင်​တွေ့ဆုံခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် IDP Camp များ​ပြောင်​း​ရွှေ့ ​နေရာ ချထားမှုများနှင်​့ ပတ်​သက်​​သော ကိစ္စရပ်​များ၊ ​မောင်​​တော၊ ဘူးသီး​တောင်​ ​ဒေသ တည်​ငြိမ်​​ဖွံဖြိုးရေးနှင်​့ လက်​ရှိ ​ဒေသ အ​ခြေအ​နေများ၊ ဆိုင်​ကလုန်​းမုန်​တိုင်​း မိုရာကြောင်​့ ဖြစ်​ပွားခဲ့​သော ပျက်​စီးဆုံးရှံုးမှုများနှင်​့ ပြန်​လည်​ ဖြည်​့ဆည်​း​ဆောင်​ရွက်​ထားမှု များနှင်​့ပတ်​သက်​ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင်​့အ​ရေး အထူးကိုယ်​စားလှယ်​ မစ္စယန်​ဟီးလီသည် ယမန်နေ့ (ဇူလိုင် ၁၁ရက်) ​တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို သွားရောက်ကာ ဒေသခံ တောင်သူလယ်သမားများနှင် ​့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မစ္စယန်ဟီးလီသည် ယနေ့ ဇူလိုင် ၁၂ ရက်နေ့လယ်တွင် စစ်တွေမြို့သို့ရောက်ရှိနေပြီး နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။​

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...