ရန်ကုန်တိုင်းဒေသကြီးနယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး အောင်စိုးမိုးကို ခန့်အပ်

ရန်ကုန်တိုင်းဒေသကြီးနယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး အောင်စိုးမိုးကို ခန့်အပ်
by -
မဇ္ဈိမ
ရန်ကုန်တိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးအောင်စိုးမိုးကို ခန့်အပ်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် လွှတ်တော်အတည်ပြုချက်ရယူကာ ခန့်အပ်ခဲ့သည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၇) ပထမနေ့၌ တင်သွင်းခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ယခင်က ရန်ကုန်တိုင်း လုံခြံုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ်  ဗိုလ်မှူးကြီးတင်အောင်ထွန်းက တာဝန်ယူဆောင်ရွက်ခဲ့သည်။

ယင်းကာလအတောအတွင်း ရန်ကုန်တိုင်းအတွင်း၌ အသေးစား ဗုံးကွဲမှုဖြစ်စဉ်များ၊ လူမျိုးရေး ဘာသာရေးဆန်ဆန် ပဋိပက္ခများ အနည်းငယ်ဖြစ်ပွားခဲ့မှုများ ရှိနေခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ခုနစ်ဦးအစားထိုး လဲလှယ်ကြောင်း ကြေညာခဲ့ရာ ယင်း ခုနစ်ဦးစလုံးသည်  ပြည်နယ်နှင့်တိုင်းဒေသကြီး လုံခြံုရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများဖြစ်ခဲ့သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...