ဘူးသီးတောင်တွင် လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ပစ်ခတ်မှု ဖြစ်ပွား

ဘူးသီးတောင်တွင် လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ပစ်ခတ်မှု ဖြစ်ပွား
by -
မဇ္ဈိမ
ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဇူလိုင်​လ ၉ ရက်​၊ ဘူးသီး​တောင်​မြို့နယ်​ တင်​း​မေ​ကျေးရွာသို့​ရောက်​ရှိစဉ် ​​ယင်းရွာရှိ နေအိမ်တစ်အိမ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ရှင်းလင်းရာတွင် အ​လောင်​း၂​လောင်​း၊ အရှင်​ဖမ်​းဆီးရမိသူ ၁ ဦးနှင်​့ ​နှောက်​ယှက်​ဟန်​့တားသူ ၁ ဦးဖမ်​းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၉ ရက်၊ နံနက် ၁၁ နာရီခန့်က တင်​း​မေ​ကျေးရွာရှိ ဖွေ​ယော့အစ္စ္စလမ်​၏ ​နေအိမ်​အတွင်​းမှ လက်​နက်​ငယ်​ဖြင်​့အတွဲလိုက်​ အချက်​ ၂၀ ခန့်ပစ်​ခတ်​သဖြင်​့ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များကပူး​ပေါင်​းပိတ်​ဆို့၍ လက်​နက်​ငယ်​ဖြင်​့ပြန်​လည်​ပစ်​ခတ်​ခဲ့ရာ ​နေအိမ်​အတွင်​းရှိအကြမ်​းဖက်​သမားများက မိုင်​း ၁ လုံး​ဖောက်​ခွဲ၍ ထပ်​မံတိုက်​ခိုက်​ခဲ့သည်​။

​ထို့နောက် နေအိမ်​အတွင်​းမှ​ ထွက်​လာသည်​့ လက်​နက်​ကိုင်​အကြမ်​းဖက်​သမား ၃ ဦးအား ဖမ်​းဆီးပစ်​ခတ်​ခဲ့ရသည်​ဟု ထုတ်ပြန်သည်။

ယင်းဖြစ်​စဉ်​တွင်​ လက်​နက်​ကိုင်​ အကြမ်​းဖက်​သမားအ​လောင်​း၂ ​လောင်​း၊ အရှင်​မိ အကြမ်​းဖက်​သမား ဖွေ​ယော့အစ္စ္စလာမ်​ တို့အား ရရှိခဲ့သည်။၎င်းအပြင် လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များအား ​နှောက်ယှက် ဟန့်တားသူ ဇာဘဲရ် ရ၀နှစ် (ဘ)ဆော်လီအာမက် အား ဖမ်းဆီးရမိခဲ့သည်။

ယင်းနောက် ပေါက်​ကွဲသည်​့ ​နေအိမ်​အား ဆက်​လက်​ရှင်​းလင်​းရာ မီး​လောင်​ကျွမ်​းထား​သော ဘီ​အေ ၉၄ ၁ လက်​၊ကျည်​အိမ်​ ၂ ခု၊ ဘီ​အေ ၉၄ ကျည်​ခွံ ၆​တောင်​့၊လုပ်​​သေနတ်​ ၁ လက်​၊အသက်​သွင်​းထားသည်​့ ရီမု မိုင်​း ၁ လုံး၊ လက်​လုပ်​မိုင်​းပြုလုပ်​ရန်​ပြင်​ဆင်​ထားသည်​့ အချင်​း ၄ လက်​မ၊အလျား ၈ လက်​မတစ်​ဖက်​ပိတ်​ ကားပစ်​စတင်​(Piston) ၁ ခု၊ အချင်​း ၅လက်​မ၊အလျား ၈ လက်​မရှိ တစ်​ဖက်​ပိတ်​ ကားပစ်​စတင်​ ၁ ခု၊ဒီတို​နေတာ(Detonator) ၈ ခု၊​သေဆုံးသူ၏ခါးမှ ခါးပတ်ပိုက်​ဆံအိတ်​အတွင်​းမှ ဘင်္ဂလားတာကာ​ငွေ ၁၀၀၀ တန်​ ၁ ရွက်​၊၁၀ တန်​ ၅ ရွက်​၊ ၂၀ တန်​ ရ ရွက်​၊Symphonyဖုန်​း ၁ လုံး၊မီး​လောင်​ကျွမ်​းထားသည်​့ စကား​ပြောစက်​ ၄ လုံး၊အားသွင်​းခုံ၊ကြိုး၊ဘက်​ထရီ သုံးမရ ၃ ခု၊ဓာတ်​ခဲ​ခြောက်​ ၄ ခု၊ဓားရှည်​ ၆ ​ချောင်​း၊​မောင်​းချဓား ၄ ​ချောင်​း၊ဓားမ ၁ လက်​၊တို့ အား သိမ်​းဆည်​းရမိခဲ့သည်​။

သိမ်းဆည်းရမိရာတွင် တွေ့ရှိရသည့် ဘီ​အေ ၉၄​ သေနတ်​၁ လက်​ သည်​ ၂၀၁၆ ခုနှစ်​ ​အောက်​တိုဘာ လ ၉ ရက်​က ကျီးကန်း​ပြင်​တိုက်​ခိုက်​မှုဖြစ်​စဉ်​တွင်​ ပါသွားသည်​့ လက်​နက်​ဖြစ်​​ကြောင်​းသိရသည်​။

ဖြစ်​စဉ်​နှင်​့ပတ်​သက်​၍ တပ်​မ​တော်​နှင်​့နယ်​​ခြား​စောင်​့ရဲတပ်​ဖွဲ့တို့ပါဝင်​​သော ပူး​ပေါင်​းအဖွဲ့သည်​ တင်​း​မေ​ကျေးရွာနှင်​့ပတ်​ဝန်​းကျင်​တစ်​​လျောက်​ နယ်​​မြေဆက်​လက်​ရှင်​းလင်​းလျက်​ရှိ​ကြောင်​း၊ ဖမ်းဆီးရမိသူများအား စစ်မေးမှုများ ဆက်လက်ပြုလုပ်လျက် ရှိကြောင်း သိရသည်​။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...