ကျောက်ဖြူတွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၆ ပြားကို တရားခံများနှင့် အတူ ဖမ်းဆီးရမိ

ကျောက်ဖြူတွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၆ ပြားကို တရားခံများနှင့် အတူ ဖမ်းဆီးရမိ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အောင်သစ္စာ အဝေးပြေးကားဂိတ်တွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၆ ပြားကို ဇူလိုင် ၆ရက် နံနက် ၆ နာရီအချိန်က တရားခံနှစ်ဦးနှင့် အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ရက် နံနက် ၆ နာရီဝန်းကျင် အောင်သစ္စာ အဝေးပြေးကားဂိတ်တွင် ကားမထွက်မီအချိန်၌ ရန်ကုန်သွားရန် ရောက်ရှိနေသည့် ခရီးသည်တစ်ဦးအား မသင်္ကာ၍ စစ်ဆေးကြည့်ရာမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၅၉၁ ပြားကို ဖမ်းဆီးရမိပြီး ဆက်စပ်နေသူ ကျောက်ဖြူမြို့နယ် င/လပွေ့ကျေးရွာနေ ဦးကျန်ထွန်းအေး (ဘ)ဦးအောင်သာထွန်း အသက် (၄၇)ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြားကို ယနေ့ ၉ နာရီအချိန်တွင် ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က RiA သို့ပြောသည်။  

ဖမ်းဆီးရမိသူများမှာ မြေပုံမြို့နယ် ချောင်းကျကျေးရွာမှ ဦးအောင်ညွန့်စိန်၏သား ဦးမောင်အေးနိုင်(ခ) ချက်ကြီး အသက် (၂၆) နှစ်နှင့် ကျောက်ဖြူမြို့နယ် င/လပွေ့ကျေးရွာမှ ဦးအောင်သာထွန်း၏သား ဦးကျန်ထွန်းအေး အသက် (၄၇) တို့ဖြစ်ကြသည်။

အဆိုပါတရားခံများအား ကျောက်ဖြူမြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ ဥပဒေပုဒ်မ မူးယစ်(ပ) ၄/၂၀၁၇ အရ ၁၅/ ၁၉(က)/၂၀ (က)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း  သိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...