မောင်တောဒေသသို့ ကုလ မဟာမင်းကြီးသွားရောက်

မောင်တောဒေသသို့ ကုလ မဟာမင်းကြီးသွားရောက်
by -
မဇ္ဈိမ
လက်ရှိတွင် အကြမ်းဖက်မှုများဖြစ်ပွားလျှက်ရှိနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသအတွင်းသို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက   မောင်တောဒေသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi နှင့်အဖွဲ့တို့သည် မောင်တောဒေသအတွင်းရှိ အကြမ်းဖက်မှုများ ဖြစ်ပွားလျှက်ရှိနေသည့်အတွက် သွားရောက်လေ့လာရန်   ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့မှာ ဇူလိုင်လ ၂ ရက်နေ့က ရခိုင်ပြည်နယ်သို့ရောက်ရှိလာခဲ့ပြီး ယင်းနေ့ညနေ ၆ နာရီအချိန်တွင် အစိုးရအဖွဲ့နှင့် တွေ့ဆုံပြီး လက်ရှိဖြစ်ပွားလျှက်ရှိနေသည့် မောင်တောဒေသ အရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ခရီးစဉ်နှင့်ပါတ်သက်ပြီး မေးမြန်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသည့်အတွက် မဟာမင်းကြီး Mr.Filippo Grandi နှင့်အဖွဲ့တို့သည် မည်သည့်ဆောင်ရွက် ချက်များ ပြုလုပ်မည်ကို မသိရှိနိုင်ခဲ့ပါ။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...