ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ဘန်ကောက်မြို့၊ ချွန်ဘူရီ၊ ပထွန်ဌာနီ၊ စမွတ်ပကန်တိုု့ အပါအဝင် ထုုိင်းနုုိင်ငံ အလယ်ပုုိင်းခရုုိင်များမှ တရားဝင် အလုပ်သမားများ၊ ထုုိင်းတောင်ပုုိင်း ဖူးခက်တုုိ့မှ အထောက်အထားမရှိသူများနှင့် အထောက်အထား မပြည့်စုုံသော အလုုပ်သမားများ နေရပ်ပြန်လာကြခြင်း ဖြစ်ကြောင်း မဲဆောက်အခြေစုုိက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီမှ ဥက္ကဋ္ဌ ဦးမုုိးကြိုးက ပြောသည်။
“ဇွန်လ ၂၀ ရက်နေ့ ကြေညာချက်ထွက်လာပြီးတော့ ရက်တောင် မခြားဘဲနဲ့ဖမ်းတာ။ မနေ့က ၃၀၀၀ ကျော်ပြန်တယ်။ ဒီနေ့က ၃၀၀၀ ကျော်ပြန််တယ်။ ကုုိးသုံုးလုံုး ဂိတ်တစ်ခုုတည်း တရားဝင် မြင်ရတွေ့ရတာ။ ဒီအလုုပ်သမားတွေက ထုုိင်းနုုိင်ငံ အလယ်ပုုိင်းနဲ ့တောင်ပုုိင်းကကနေ ပြန်လာတာများတယ်။ အထောက်အထားမရှိတဲ့လူတွေက အများဆုံုး၊ အထောက်အထား မစုံုတာ။ သက်တမ်းမဆက်တဲ့လူတွေပေ့ါ”ဟုု ဟုု သူက မဇ္စျိမကုုိ ပြောသည်။
၉၉၉ ဂိတ်မှ ပြန်လာသော မြန်မာရွှေ့ပြောင်း အလုုပ်သမားများကုုိ မြဝတီခရုုိင် အုုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ မြို့နယ် အုုပ်ချုပ်ရေးမှူး ဖြူးဇော်ကုုိကုုိ၊ မြန်မာ့တပ်မတော်၊ BGF မှ ဗုုိလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး ခင်မောင်ဝင်း အပါအဝင် ဌာနဆုုိင်ရာ အဖွဲ့အစည်းများမှ နေရပ်ပြန်လာသော ရွှေ့ပြောင်းအလုုပ်သမားများကုုိ ကြိုဆုုိ၍ မိမိတုုိ့ နေရပ်သုုိ့ အခမဲ့ ပုုိ့ဆောင်ပေးနေသည်ဟုု ဦးမုုိးကြိုးက ပြောသည်။
“သူတုုိ့က ဂိတ်ကုုိဝင်လာတာနဲ့ နွေးထွေးစွာ ကြိုဆုုိတယ်။ ၉၉၉ ဂိတ်က အရင်တုုန်းကဆုုိရင် ပုုိက်ဆံတောင်းတဲ့ ဂိတ်ဖြစ်တယ်။ အခုု ငွေကြေး လုံုးဝ တောင်းခံခြင်း မရှိဘူး။ အစားအသောက်နဲ့ ရေတွေ၊ ဆေးဝါးတွေ ကမ်းတယ်။ ပြီးတဲ့အခါမှာ မြန်မာပြည်ကုုိ သူတိုု့နေရပ်ကုုိ ကားခ မရှိတဲ့လူတွေကုုိ ကားခပေးတယ်။ အခမဲ့ကားတွေနဲ့ ပုုိ့ဆောင်ပေးတယ်”သူက ပြောသည်။
ရွှေ့ပြောင်းအလုုပ်သမား များသောအားဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတုုိင်းတုုိ့မှ ဖြစ်ကြောင်း သိရသည်။
ထုုိ့ပြင် ထိုင်းနိုင်ငံ၊ တပ်ချ်ခရုုိင်အတွင်းရှိ ၉ မြို့နယ်တွင် သောင်ရင်းမြစ်တလျှောက် ၉၉၉ ဂိတ်အပါအဝင် ကသုုိ့ဆိပ် ၃၂ ဂိတ်ရှိသဖြင့် တခြားဂိတ်များမှလည်း နေရပ်ပြန် အလုုပ်သမားများလည်း ရှိသည်ဟုု သူက ပြောသည်။
ထုုိင်းအစုုိးရ၏ နိုင်ငံခြားသားအလုုပ်သမားများ၏ အလုုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေ စီမံချက်အရ ပြဌာန်းထုုတ်ပြန်လုုိက်ပြီးနောက် ဇွန်လ ၂၂ ရက်မှစတင်၍ ထုုိင်းစစ်တပ်၊ ရဲတပ်ဖွဲ့ အပါအဝင် ဌာနဆုုိင်ရာများကတရားမဝင် နိုင်ငံခြားသား အလုုပ်သမားများ ၅၀၀၀ ကျော်ကုုိ ဖမ်းဆီးခဲ့ရာ ထုုိအထဲမှ ၃၅၀၀ သည် မြန်မာအလုုပ်သမားများဖြစ်သည်ဟုု သိရသည်။
သို့သော် ဇွန်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုုိင်းဝန်ကြီးချုပ်က ဥပဒေသစ်ပါ တရားမဝင် နိုင်ငံခြားသား အလုုပ်သမားများ ဖမ်းဆီးခြင်း စီမံချက်ကုုိ ထုုိင်းအစုုိးရက ရက်ပေါင်း ၁၂၀ ဆုုိင်းငံ့ထားလုုိက်သည်ဟုု တရားဝင် အမိန့်ထုုတ်ပြန်လုုိက်သည်။
ထုုိင်းအစိုုးရ၏ တရားမဝင် နိုင်ငံခြားသား အလုုပ်သမားများ ဥပဒေ ပြဌာန်းလုုိက်ပြီးနောက် ထုုိင်းနုုိင်ငံ ငါးဖမ်းလှေများ ထောင်ချီရပ်ဆုုိင်းခဲ့ရသဖြင့် ထုုိင်းအလုုပ်ရှင်များ၊ စီးပွားရေး လုုပ်ငန်းရှင်များက နိုင်ငံခြားသား အလုုပ်သမားများကုုိ ယခုုကဲ့သုုိ့ ဖမ်းဆီးခြင်းများ မပြုလုုပ်ရန် တောင်းဆုုိမှုများရှိခဲ့သဖြင့် ထုုိင်းဝန်ကြီးချုပ်က ၄င်းဥပဒေထုုတ်ပြန်ပြီး ၉ ရက်မြောက်နေ့တွင် ဆုုိ်င်းငံ့ရန် တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။
ထုုိဆုုိင်းငံ့သောကာလအတွင်း နိုင်ငံခြားသား အလုုပ်သမားများအနေဖြင့် အလုုပ်မတူသည့် အလုုပ်သမားများ မိမိ၏ အလုုပ်ရှင်ထံ ပြောင်းရွှေ့ခွင့်၊ ယာယီပတ်စ်ပုုိ့ရှိသော အလုုပ်သမားများ အလုုပ်လုုပ်ခွင့်များ(Work permit) ပြုလုုပ်ရန် ကြေညာချက် ထုုတ်ပြန်ထားသော်လည်း နယ်များတွင် ထုုိင်းရဲများ၏ ဖမ်းဆီးမှုများ ဆက်လက် ရှိနေဆဲ ဖြစ်သည်ဟုု ဦးမုုိးကြိုးက ပြောသည်။
“အဲဒါက ခွင့်လွှတ်တယ်ဆုုိတာက စီမံချက်နဲ့ မဖမ်းဘူး။ ကြိုကြား ကြိုကြား ဖမ်းတာ။ ဒေသဆုုိင်ရာ ရဲတွေကတော့ ငွေညှစ် တောင်းခံမှုတွေကတော့ ရပ်တန့်သွားမှာ မဟုုတ်ဘူးနော်။ အဲဒါတွေကုုိပါ ညွန်ကြားချက် ထုုတ်ဖုုိ့ကောင်းတယ်”ဟုု သူက ပြောသည်။
ဇွန်လ ၃၀ ရက်နေ့တွင်လည်း နုုိင်ငံတော် အတုုိင်ပင်ခံ ဒေါ်အောင်ဆန်းစုုကြည်နှင့် မြန်မာနုုိင်ငံဆုုိင်ရာ ထုုိင်းသံအမတ်နှင့် နေပြည်တော်တွင် တွေ့ဆုံုစဉ် မြန်မာ-ထုုိင်း နှစ်နုုိင်ငံ ပူးပေါင်းဆောင်ရွက်မှု တုုိးမြှင့်ရေးဆုုိင်ရာ ကိစ္စများကုုိ ဆွေးနွေးခဲ့သည်ဟုု မြန်မာနုုိင်ငံ၊ သတင်းနှင့်ပြန်ကြားရေးဌာနတွင် ဖော်ပြထားသည်။
နိုင်ငံခြားသား အလုုပ်သမား ထောင်ချီ ဖမ်းဆီးခံနေရမှုနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးရန် ထုုိင်းနုုိင်ငံရောက် မြန်မာအလုုပ်သမားအရေး ဆောင်ရွက်နေသူများကလည်း မြန်မာအစုုိးရထံ တောင်းဆုုိသည် စာ၊ အကြံပြု စာများပေးပိုု့ခဲ့ကြသည်။
ထုုိဥပဒေသစ်အရ တရားမဝင် အလုုပ်လုုပ် ကုုိင်နေသော နိုင်ငံခြားသား အလုုပ်သမားများကုုိ ဒဏ်ငွေ ဘတ် ၂၀၀၀ မှ ၄ သိန်း၊ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်မှတ်နုုိင်ကြောင်း ဇွန်လ ၂၀ ရက်နေ့က တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။







