နှိပ်စက်ညှဉ်းပန်းမှုကြောင့် စစ်ကြောရေးနှင့်အကျဉ်းထောင်များအတွင်း နိုင်/ကျဉ်း ၂၀၀ ကျော်သေဆုံးခဲ့ရဟု AAPP ဆို

နှိပ်စက်ညှဉ်းပန်းမှုကြောင့် စစ်ကြောရေးနှင့်အကျဉ်းထောင်များအတွင်း နိုင်/ကျဉ်း ၂၀၀ ကျော်သေဆုံးခဲ့ရဟု AAPP ဆို
by -
မဇ္ဈိမ
စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း နှိပ်စက်ညှင်းပန်းမှုများကြောင့် သေဆုံးသွားခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၂၀၀) ကျော်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) မှ ဦးအောင်မျိုးကျော် ကပြောသည်။

ဇွန်လ (၂၆) ရက်၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောခဲ့တယ် ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရှိနေသေးတယ်ဆိုလို့ရှိရင် အင်မတန်များနေပါပြီလို့ ပြောခဲ့တာရှိတယ်။ ဒါကြောင့်မို့ လက်ရှိအချိန်မှာ ၄၁ ယောက်ဆိုတော့ တော်တော်ကို များနေပါတယ်ဗျ"ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်းမှ ဦးအောင်မျိုးကျော်က ဆိုသည်။

၁၉၈၈ မှစ၍ ယနေ့အထိ မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် သေဆုံးခဲ့ရပြီး လက်ရှိအချိန်တွင် အကျဉ်းထောင်များတွင်း၌ နိုင်ငံရေးအကျဉ်းသား (၄၁) ယောက်ကျန်ရှိနေသည်။

သက်ဆိုင်ရာလွှတ်တော်များကို နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးရန်အတွက် စာရင်းဇယားများဖြင့် တောင်းဆိုထားကြောင်း ဦးအောင်မျိုးကျော်က ဆက်ပြောသည်။

အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို တတ်နိုင်သမျှ အမြန်ဆုံး လွှတ်ပေးစေချင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဝိမုတ္တိအမျိုးသမီးအဖွဲ့မှ ဒေါ်စိန်ထွေးက "ဒီအစိုးရရော တခြားအာဏာပိုင် အဖွဲ့အစည်း အသီးသီးတွေကကောပေါ့နော် အကြမ်းဖက်မှုတွေ၊ အတင်းအဓမ္မလယ်သိမ်း ယာသိမ်းတွေ၊ နောက်ထပ်ကို ထပ်ပြီးမဖြစ်စေချင်ဘူး ဆက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်စေချင်တယ် လက်တွဲစေချင်တယ်ပေါ့နော် ဒီလိုမျိုးကျင့်သုံးစေချင်တယ် လယ်သိမ်း ယာသိမ်း အိမ်ခြံမြေတွေ သိမ်းတာတွေ လူတွေ အိုးအိမ်မဲ့ဘဝတွေ ရောက်ခဲ့တာတွေကိုလည်း လျစ်လျှူမရှုစေချင်ဘူး အမြန်ဆုံးလူ့အခွင့်အရေးနဲ့အညီ အကောင်ထည်ဖော်စေချင်တယ် လူ့အခွင့်အရေးနဲ့အညီ ကာကွယ်စောင့်ရှောက်စေချင်တယ်" ဟု ဆိုသည်။

အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခံရမှုများထဲတွင် နိုင်ငံရေးအကျဉ်းသားများ၊ စစ်ပွဲနှင့် နယ်မြေမတည်ငြိမ်သည့် ဒေသများတွင် နေထိုင်သူများ၊ ဆန္ဒပြကျောင်းသားကျောင်းသူများနှင့် အမျိုးသမီးများ ပါဝင်နေသည်။ အစိုးရအနေဖြင့် ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာရက်စက်မှု၊ ဂုဏ်သိက္ခာနှင့် မလျော်ညီအောင်ပြုကျင့်ခံရမှု၊ အပြစ်ပေးခံရမှုများကို ဆန့်ကျင်သည့် ကမ္ဘာ့ကုလသမဂ္ဂစာချုပ် (CAT) ကို လက်မှတ်ရေးထိုးစေရန်လည်း ၎င်းတို့အနေဖြင့် တိုက်တွန်းသွားမည်ဖြစ်ကြောင်း AAPP မှ ဦးအောင်မျိုးကျော်၏ ပြောကြားချက်အရ သိရသည်။

ယနေ့ပြုလုပ်သည့် ညှဉ်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့် နိုင်ငံတကာနေ့ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ဝိမုတ္တတိ အမျိုးသမီးအဖွဲ့ (VWO)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း(AAPP)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ လူ့အခွင့်ရေးမှတ်တမ်းကွန်ရက်မြန်မာနိုင်ငံ (ND-Burma)နှင့် အာရှတရားမျှတမှုနှင့်အခွင့်အရေးအဖွဲ့ (AJAR)တို့မှ ပူးပေါင်းပြုလုပ်ခဲ့သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...